09 October, 2017

မငိုပါနဲ့ သား​လေး

"မငိုပါနဲ့ သား​လေး"
~~~~~~~~~~~~~


သား​လေး​ရေ...
အိမ်​​တွေလည်း မရှိ​တော့ပြီ။
ခန္ဓာမှာပါတဲ့ အဝတ်​ကလွဲပြီး ဘာဆိုဘာမှ မရှိ​တော့တာပါ သား။
သားအ​ဖေလည်း ​မနက်​က အဖမ်းခံရ​လေပြီ။

ဒါ​ပေမယ့်​ မငိုပါနဲ့ သား​လေး။
သားကို တိုက်​နိုင်​တဲ့ သားမြတ်​တစ်​စုံ
အ​မေ့မှာ ယခုထိ ရှိနှင့်​​နေတုန်းပဲ​လေ။


သား​လေး​ရေ...
ဒီဇင်​ဘာလ နီးလာ​တော့ ချမ်းခိုက်​လာတာ မဆန်းပါဘူး။
သဘာဝတရားကို အ​မေတို့ မလွန်​ဆန်​ နိုင်​ဘူး​လေ။
ချမ်းမယ့်​အချိန်​မှာ ချမ်းမှာပဲ။
ချမ်းလွန်းလို့ သား​လေး ခန္ဓာကို ချူံးလိုက်​​တာတော့
အ​မေ့ရင်​ထဲ နာကျင်​​စေတာ​ပေါ့ သား။
သားကို ခြုံရတဲ့ အဝတ်​စုပ်​​တွေ​တောင်
မီးစားခံဘဝ​ရောက်​ခဲ့ရတာ​လေ။

ဒါ​ပေမယ့်​ မငိုပါနဲ့ သား​လေး။
သားကို အ​နွေးဓာတ်​​ပေးနိုင်​တဲ့ ရင်​ခွင်​တစ်​ခု
အ​မေ့မှာ ယခုထိ ရှိနှင့်​​နေတုန်းပဲ​လေ။

သား​လေး​ရေ...
သား​လေးကို လွှဲတဲ့ ပုခက်​က​လေးလား။
သား​လေးက​စား​ဖော်​ အရုပ်​​တွေလား။
အဲ့ဒါ​တွေလည်း မီးကို မိတ်​ဖွဲ့ရခဲ့ပြီ။

ဒါ​ပေမယ့်​ မငိုပါနဲ့ သား​လေး​။
သားကို လွှဲနိုင်​တဲ့ လက်​ဖဝါးနှစ်​ဖက်
အ​မေ့မှာ ယခုထိ ရှိနှင့်​​နေတုန်းပဲ​လေ။

သား​လေး​ရေ...
သား​လေးကြီးလာရင်​ အ​ဖေကို လိုက်​မရှာပါနဲ့။
သားအ​ဖေက ပြန်​လာခွင့်​မရတဲ့
မရဏခရီးကို ​ရောက်​ခဲ့ရပြီ။
သား​လေးကြီးလာရင်​ အ​မေကိုလည်း လိုက်​မရှာပါနဲ့။
အ​မေလည်း မကြာခင်
လောကကြီးမှ ​ပျောက်​ကွယ်​သွားရလိမ့်​မယ်​။

မုဒိမ်းကျင့်​ခံရတုန်း ဘာလို့ မတုန်​ပြန်​ခဲ့တာလဲ ဆိုပြီး
သားသာ ခဏခဏ ​မေးဖြစ်​ခဲ့ရင်
အ​မေ့မှာ သားကို ​ဖြေစရာ မရှိ ဖြစ်​​နေမှာ​လေ။
သားကိုကယ်​ဖို့ အ​မေ ​ပေးဆပ်​ရတာ သားရယ်​လို့​ပြောရင်
အဲ့ဒီ အချိန်​ သား ဘယ်​လိုခံစား​နေမလဲ။
အ​မေ ကိုယ်​ချင်းစားတတ်​တယ်​ သား။

တကယ်​​တော့ အ​မေ့အတွက်
သားထက်​ ဘယ်​အရာကမှ မပိုပါဘူး။
တစ်​ခုပဲ အ​မေမှာပါရ​စေ သား။
သားကို အ​မေ ကယ်​​ပေးတာ တန်​ရ​အောင်
အ​မေတို့ မတရားခံခဲ့ရတာ​တွေအတွက်
တရားမျှတမှု ​ဆောင်​ကျဉ်း​ပေးနိုင်​ဖို့
တရားသဖြင့်​ အစွမ်းကုန်​ ကြိုးစားပါ​လေ။

အငို တိတ်​ပါ​တော့ သား​လေး။

[ဒါ​ပေမယ့်​ သားရဲ့ခန္ဓာမှာ
အသက်​က မရှိ​ရှာ​တော့ပါဘူး] 😪😪😪

ယျာတင်​(ရိုဟင်းသား)

{ဓာပုံ- အာရ်​ကာန်​​မြောက်​ပိုင်​မှ ဘင်္ဂလား​ဒေရှ့်နိုင်​ငံသို့ အသက်​လုထွက်​​ပြေးရင်​ လမ်းခရီးမှာ ဆုံးပါးသွားတဲ့ သားရဲ့ အသက်​မဲ့အ​လောင်းကို မိခင်​ကြီး ​ပွေ့ဖက်​နမ်း​နေပုံ}

No comments:

Post a Comment