29 May, 2016

ဘောလုံးကန်​ ဖိနပ်​မရှိလို့ ငိုဖူးတဲ့ ဘဝမှ ​ဘောလုံး​လောကရဲ့ ဘုရင်​တစ်​ပါး ဖြစ်​​လာသူ



ဘော​လုံးကန်​ ဖိနပ်​မရှိလို့ ငိုဖူးတဲ့ ဘဝမှ ​ဘော​လုံး​လောကရဲ့ ဘုရင်​တစ်​ပါး ဖြစ်​​လာသူ
====================================================

""တစ်​ချို့လူ​တွေကို ကံ​ကောင်းမှုက အကြိမ်​ကြိမ် မျက်​နှာသာ ​ပေးကြတယ်​လို့ ထင်​ရ​​နေပေမယ့်​ တကယ်​​တော့ ကံ​ကောင်းမှုဆိုတာ မခိုမကပ်​ အားထုတ်​ကြိုးစားမှုနဲ့ အတူ ကပ်​ပါလာတဲ့ အရာ တစ်​ခုပါ။

ကစားဘဝမှာ ဆုဖလား​မျိုးစုံ ဆွတ်​ခူးပြီးတဲ့​နောက်​ နည်းပြကြီး စလုပ်​တဲ့ နှစ်​မှာပင်​ အထင်​ကရ ဆုဖလား ပိုင်​ဆိုင်​နိုင်​ခဲ့သူမှာ တစ်​ခြားသူ မဟုတ်​ပါဘူး။ ကမ္ဘာ့​​ဘော​လုံး ပရိသတ်​များကို  မြက်​ခင်းစိမ်း​ပေါ်မှာ နှစ်​​ပေါင်းများစွာ ​မော်​ဆန်​တဲ့ ကစားကွက်​နဲ့ ​ဖျော်​​ဖြေ​ပေးခဲ့သူ ပြင်​သစ်​နိုင်​ငံသား၊ စပိန်​ကလပ်​ ရီယဲလ်​မဒရစ်​အသင်းရဲ့ နည်းပြ ဇီ​​နေဒိန်​ ဇီဒန်းပဲ ဖြစ်​ပါတယ်​။

မ​နေ့ညက ကစားသွားတဲ့ ချန်​ပီယံလိဂ်​​ ဖိုင်​နယ်​ပွဲစဉ်​မှာ ဒါဘီပြိုင်​ဖက်​ အက်​တလက်​တီကို အသင်းကို ပယ်​နယ်​တီ အဆုံးအဖြတ်​နဲ့ အနိုင်​ယူခဲ့တဲ့ ရီယဲလ်​မဒရစ်​ အသင်းရဲ့နည်းပြ ဇီဒန်းကို ​ဘော​လုံးပရိသတ်​​တိုင်း သိကြပါတယ်​။

ဇီဒန်းဟာ ကစားသမားဘဝမှာ ​ဘောလုံး​လောကရဲ့ အမြင့်​ဆုံး ဆုဖလား​တစ်​ခု ဖြစ်​တဲ့ ကမ္ဘာ့ဖလားကို ၁၉၉၈ ခုနှစ်​မှာ ပြင်​သစ်​နိုင်​ငံအသင်းနှင့်​အတူ ဆွတ်​ခူးရရှိခဲ့ပြီးတဲ့​နောက်​ ၂၀၀၀ ခုနှစ်​မှာလည်း ဥ​ရောပဖလားကို ဆက်​တိုက်​ ဆွတ်​ခူး ရရှိပြန်​ပါတယ်​။

ကလပ်​အသင်းနှင့်​အတူကျ​တော့လည်း ဆုဖလား​ပေါင်းများစွာ ရရှိခဲ့တဲ့အနက်
တစ်​ချို့ကို ​ပြောရရင်​ အီတလီကလပ်​ ဂျူပင်​တပ်​စ်​နဲ့အတူ စီရီး​အေ ဖလား၊ အင်​တာနယ်​ရှယ်​နဲလ်​ ဖလား၊ စူပါဖလား၊ တစ်​ခါ ရီယဲလ်​မဒရစ်နဲ့အတူ လာလီဂါဖလား၊ ချန်​ပီလိပ်​ဖလား စတဲ့ ဖလား​ပေါင်းများစွာ ဆွတ်​ခူးနိုင်​ခဲ့ပါတယ်​။

၂၀၀၁ ခုနှစ်​တွင် ဂျူပင်​တပ်​စ်​အသင်းမှ ရီယဲလ်​မဒရစ်​ အသင်းကို အ​မေရိကန်​​ဒေါ်လာ ၇၅ သန်းနဲ့ ​ပြောင်း​ရွေ့လာခဲ့တဲ့ ​ဇီဒန်းရဲ့ပြောင်း​ရွေ့​ကြေးဟာ ​ဘော​လုံး​အားကစား ​လောကမှာ နှစ်​အ​တော်​ကြာတဲ့အထိ ကမ္ဘာ့စံချိန်​တင်​ ​ပြောင်း​ရွေ့​ကြေး ​​အဖြစ်​ မှတ်​တမ်းဝင်​ခဲ့ပါတယ်​။

ကမ္ဘာ့အ​ကောင်းဆုံး ​ဘော​လုံးသမားဆုကို (၃) ကြိမ်​တိုင်​တိုင်​ ချီးမြှင့်​ရတဲ့အပြင်​ ဥပ​ရော အ​ကောင်းဆုံး ​ဘောလုံးသမားဆု၊ နှစ်​ငါးဆယ်​အတွင်း ဥ​ရောပ အ​ကောင်းဆုံး​ဘော​လုံးသမားဆု၊ ကမ္ဘာ့ဖလား ​ရွှေ​ဘောလုံးဆု စတဲ့ တစ်​ဦးချင်းဆု​တွေလည်း ​မြောက်​များစွာ ချီးမြှင့်​ခံခဲ့ရပါတယ်​။

၂၀၀၂ ခုနှစ်​ ချန်​ပီယံလိဂ်​ ဖိုင်​နယ်​မှာ ရီယဲလ်​မဒရစ်​အသင်းအတွက်​ ဘယ်​​ခြေနဲ့ေ​ဗာ်​လီရိုက်​ သွင်းယူခဲ့တဲ့ သူ့ရဲ့ ​မော်​ဆန်​တဲ့ ဂိုးဟာ ချန်​ပီလိဂ်​ သမိုင်းတစ်​​လျှောက်​ အလှပဆုံး ဂိုးတစ်​ဂိုးလို့ သတ်​မှတ်​ခံရတာပါ။

ကြယ်​စင်​စု​တွေ စု​နေခဲ့ကြတဲ့ ရီယဲလ်​မဒရစ်​လို အသင်းမှာ ကစားသမားဘဝကို အသုံးသတ်​ခဲ့ပြီးတဲ့​နောက်​ ဇီဒန်းဟာ နည်းပြဘဝကို ရီယဲလ်​မဒရစ်​ B အသင်းမှာ စတင်ခဲ့ပါတယ်​။ ရီယဲလ်​ B အသင်းကို နှစ်​နှစ်​​လောက်​ ကိုင်​တွယ်​ဖူးတဲ့​နောက်​ ရီယဲလ်​မဒရစ်​ အသင်းကြီးကို နည်းပြခွင့်​ရလာပါ​တော့တယ်​။

၂၀၁၅-၂၀၁၆ ​ဘော​လုံးရာသီအစမှာ ခန့်​အပ်​ခဲ့တဲ့ အ​တွေ့အကြုံရင့်​ နည်​ပြ ဘင်​နီတဲဇ်​ကို ရလဒ်​မ​ကောင်းလို့ ဆိုပြီး အသင်းဥက္ကဌ ပီရဲဇ်​က ထုတ်​ပစ်​လိုက်​ခဲ့ပါတယ်​။ ထိုစဉ်​ ရီယဲလ်​ အသင်းရဲ့  ဘယ်​နာမည်​ကြီး တစ်​​ယောက်​ ရီယဲလ်​ နည်းပြဖြစ်​လာမလဲ ဆိုတာကို ကမ္ဘာ့​ဘောလုံး လောကသား​တွေ စိတ်​ဝင်​တစား ​စောင့်​​ကြည့်​​နေခဲ့တာပါ။ ဒါ​ပေမယ့်​ အသင်းဥက္ကဌ ပီရဲဇ်​က ရီယဲလ်​လို အသင်းကြီး တစ်​သင်းမှာ ​ နည်းပြအ​တွေ့အကြုံ နု​နေ​သေးတဲ့ ဇီဒန်းလို ပုဂ္ဂိုလ်​ တစ်​​ယောက်​ကို ယုံယုံကြည်​ကြည်​နဲ့ ​နေရာ​ပေးလိုက်​ပါတယ်​။ ​ဘော​လုံးသမား​ ​ကောင်းတိုင်း နည်းပြ​ကောင်း ဖြစ်​မလာတတ်​ပါဘူး။ ဒီအထဲမှာ ဇီဒန်း​တော့ မပါဝင်​ပါဘူး။ သူက ကစားသမားဘဝမှာ စွမ်း​ဆောင်​နိုင်​ခဲ့သလိုမျိုး နည်းပြဘဝမှာလည်း စွမ်း​ဆောင်​နိုင်​ခဲ့ပြီ​လေ။

ပရိသတ်​​တွေက ဇီဇူးလို့ ချစ်​စနိုး ​ခေါ်ကြတဲ့ ဇီဒန်းကို မီဒီယာ​တွေက​တော့ အသံတိတ်​ အနိုင်​ယူသမားလို့ ချီးကျူး​နေကြပါပြီ။ ရီယဲလ်​နည်းပြတစ်​​ယောက်​ရယ်​လို့ ဖြစ်​လာရင်​ ဖိအား​တွေက ​တောင်​တန်းပမာ ကြီးမားများပြား​နေတာပါ။ ဒီလို ဖိအား​တွေကို နည်းပြ​ပေါက်​စ​လေး ဇီဒန်းက တည်​တည်​ငြိမ်​ငြိမ်​နဲ့ ​ကျော်​လွှားပြခဲ့တယ်​။ နည်းပြ ဘင်​နီတဲဇ်​ကို ထုတ်​ပယ်​ခဲ့ချိန်​မှာ ရီယဲလ်​ဟာ လာလီဂါ ပြိုင်​ပွဲမှာ ဘာစီလိုနာ​အောက်​ ၁၁ မှတ်​ထိ ပြုတ်​​ကျကျန်​နေခဲ့​ပေမယ့်​ ဇီဒန်းကိုင်​တွယ်​ပြီး ​နောက်​ပိုင်း အဓိက ပြိုင်​ဖက်​ ဘာစီလိုနာကို အနိုင်ကန်​တဲ့ပွဲ အပါအဝင်​ ပွဲစဉ်​အ​တော်​အများများ အနိုင်​ယူပြီး ဘာစီလိုနာကို ၁ မှတ်​​အကွာနဲ့ပဲ ​တောက်​​လျှောက်​ ဖိအား​ပေးနိုင်​ခဲ့ပါတယ်​။ ဒါ​ပေမယ့်​ ဘာစီလိုနာက ​နောက်​ဆုံးပွဲစဉ်​မှာ ပြိုင်​ဖက်​ကို ၃ ဂိုးပြတ်​နဲ့ အနိုင်​ယူပြီး ရီယဲလ်​ထက်​ ၁ မှတ်​အသာနဲ့ပဲ စပိန်​လာလီဂါ ဆုဖလားကို ဆွတ်​ခူးသွားခဲ့ပါတယ်​။  ဒါ​ပေမယ့်​ ရီယဲလ်​နည်းပြ ဇီဒန်းက သူ့အသင်းကို ချန်​ပီယံလိဂ်​ ဖိုင်​နယ်​​ကို အ​ရောက်​ပို့​ပေးခဲ့ပြီး မ​နေ့ညက​တော့ ချန်​ပီယံဆုကိုပါ လက်​​တွေ့ဆွတ်​ခူး​ပေးလိုက်​ပါပြီ။ ကစားသမား ဘဝနဲ့​ရော နည်းပြဘဝနဲ့​ပါ ချန်​ပီယံလိဂ်​ ဖလားကို ရဖူးတာဆိုတာ ကမ္ဘာမှာ ၇ ဦးပဲ ရှိ​နေတာပါ။

ဇီဒန်းဟာ ဒီလို ​အောင်​မြင်​မှု​တွေကို လွယ်​လွယ်​​လေး ဆွတ်​ခူးနိုင်​ခဲ့တာ​တော့ မဟုတ်​ပါဘူး။ သူ့ဘဝမှာ ​အခက်​အခဲအမျိုးမျိုးကို ရင်​ဆိုင်​ ​ကျော်​ဖြတ်​ခဲ့ရတာပါ။



"​ဘောလုံးကန်​ ဖိနပ်​စီးပြီး သူငယ်​ချင်း​တွေနဲ့ ​ဘော​လုံးကန်​ခွင့်​မရလို့ တစ်​ခါတုန်းက ငါ ငိုဖူးပါတယ်​။ ဒါ​ပေမယ့်​ တစ်​​နေ့မှာ ​ခြေ​ထောက်​မရှိတဲ့ လူတစ်​​ယောက်​ကို ​တွေ့ပြီး ငါ ဘယ်​​လောက်​ ချမ်းသာ​နေ​ကြောင်း သ​ဘော​ပေါက်​လာတယ်​"

ဇီဒန်း​ပြောခဲ့ဖူးတဲ့ ဒီစကားက သူ့ ငယ်​ဘဝအ​ခြေအ​နေကို ထင်​ဟပ်​​စေပါတယ်​။

Allgeria နိုင်​ငံမှ ပြင်​သစ်​နိုင်​ငံကို ​ပြောင်း​ရွေ့လာပြီး စက်​ရုံ ည​စောင့်​ အလုပ်​သမားဘဝနဲ့ အသက်​​မွေး ဝမ်း​ကျောင်း​နေခဲ့ရတဲ့ ဇီဒန်း အ​ဖေက ​နောင်​တစ်​ချိန်​မှာ ​ဘောလုံးဘုရင်​တစ်​ပါး ဖြစ်​လာမယ့်​ သားဖြစ်​သူ ဇီဒန်းကို ​ဘောကန်​ဖိနပ်​ ​ကောင်း​ကောင်း​လေး ​ဝယ်​​ပေးဖို့ မတတ်​နိုင်​ခဲ့ရှာပါဘူးဆိုပါ​တော့။

" ဘဝက ဝမ်းနည်းစရာ​တွေနဲ့ ပြည့်​နှက်​​နေတတ်​တာ။ ဒါ​ပေမယ့်​  နောက်​ပြန်​လှည့်​ပြီး အဲ့ဒီ ဝမ်းနည်းစရာ​တွေထဲ လှဲ​နေဖို့ မဟုတ်​ဘူး။ ​ရှေ့သို့ပဲ ချီတက်​ရမှာ။"

ဒီစကားလုံး​တွေကို ကြည့်​ရင်​ ဇီဒန်းရဲ့ စိတ်​ဓာတ်​ ခိုင်​မာမှုကို အထင်းသား မြင်​​တွေ့ရပါတယ်​။

"​ဘောလုံးသမားရယ်​လို့ ဖြစ်​လာရင်​ အနိုင်​ရလို့ ​ပျော်​ခဲ့ရတဲ့ အခိုက်​ရှိသလို ပြိုင်​ဖက်​ကို ရှုံးခဲ့ရလို့ ဝမ်းနည်း​နေရတဲ့ အခိုက်​​တွေနဲ့လည်း မလွဲကြုံ​တွေ့ရတတ်​တာပါ။ အဓိကက​တော့ ရှုံးနိမ့်​တဲ့ အချိန်​ ပက်​လက်​လဲကျမ​နေဘဲ အရှုံးထဲက သင်​ခန်းစာယူပြီး ပြန်​ထတတ်​ရမှာပဲ​လေ" လို့ ​ပြောတဲ့ အစ္စလာမ်​ဘာသာဝင်​ ဇီဒန်းရဲ့ အသံထဲမှာ ​အောင်​မြင်​​နေသူတစ်​ဦးမှာ ရှိသင့်​ ရှိထိုက်​တဲ့ စိတ်​ဓာတ်​ခိုင်​မာမှုကို မြင်​​တွေ့ရပါတယ်​။

"ဇီဒန်​က စိန်​​ခေါ်မှု​တွေကို အမြဲ သ​ဘောကျသူပါ။ ရင်​ဆိုင်​ဝံ့သူပါ။ ဘယ်​​တော့မှ လက်​​လျှော့ပြီး ထွက်​​ပြေးသူတစ်​ဦး မဟုတ်​ပါဘူး" လို့​ပြောလာသူက​တော့ တစ်​ချိန်​က ဇီဒန်းရဲ့ အသင်း​ဖော်​ အင်္ဂလန်​ မင်းသားကြီး ​David Backham ပါ။

" သူနဲ့ ကစားခွင့်​ရခဲ့တာဟာ ငါ့ဘဝတစ်​​လျှောက်​ အကြီးမားဆုံး ဂုဏ်​ယူစရာ တစ်​ခု​ပေါ့​ဗျာ" လို့ Beackham က ဆက်​​ပြောလာပါတယ်​။



တစ်​ခြား နိုင်​ငံတစ်​နိုင်​ငံမှ ​ပြောင်း​ရွေ့လာတဲ့ ဆင်းရဲတဲ့ မိဘနှစ်​ဦးမှ ​မွေးဖွားလာသူ၊ ​ဘောလုံးကန်​ဖိနပ်​ မရှိခဲ့လို့ ငိုယိုခဲ့ဖူးသူ တစ်​ဦး သူ​မွေးဖွားတဲ့ နိုင်​ငံကို သူ့ ​အံ့မခန်း ဘော​လုံး စွမ်းရည်​နဲ့ ​ပေးဆပ်​ပြီး ကမ္ဘာ့အလယ်​မှာ ဂုဏ်​တင်​​စေခဲ့ပါပြီ။

အခက်​ခဲ​သောင်း​ပေါင်း ကြုံ​တွေ့​နေရလည်း ဇွဲမ​လျှော့ လက်​​မြှောက်​အရှုံးမ​ပေးဘဲ မခိုမကပ်​ ကြိုးစားအားထုတ်​ ​နေသူ​​တွေကို ​အောင်​မြင်​မှုက အပြုံးပန်းပွင့်​​တွေနဲ့ ကြိုဆိုတတ်​ပါတယ်​။

အခက်​အခဲ​တွေ့တိုင်း မညည်းညူးဘဲ ​ကျော်​လွှားနိုင်​ဖို့ အားထုတ်​​နေသူ​တွေနဲ့အတူ ကံ​ကောင်းမှုကလည်း အ​ဖော်​​ကောင်းအဖြစ်​ ရှိ​နေတတ်​ပါတယ်​။

ဒါ​ကြောင့်​ ဒီစာကို ဖတ်​​နေသူ​တွေလည်း အခက်​အခဲ​တွေ့ရင်​ ဝမ်းနည်းပက်​လက်​ပြီး ဘဝကို လက်​​မြောက်​ အရှုံးမ​ပေးဘဲ အခက်​အခဲကို ဘဝရဲ့ စိန်​​ခေါ်မှုအဖြစ်​ သ​ဘောထားပြီး ရင်​ဆိုင်​ ​ကျော်​လွှားနိုင်​ဖို့ ကြံဆပါ။ အားထုတ်​ပါ။ ကံ​ကောင်းမှု အ​ဖော်​​ကောင်း​တွေကလည်း ပါလာမှာဖြစ်​ပြီး ​အောင်​မြင်​မှု​တွေကို မလွဲ ဆွတ်​ခူးနိုင်​မှာ ဖြစ်​​ကြောင်း ဇီဒန်းရဲ့ ဘဝကို ဥပမာ​ပေးပြီး အကြံ​ပေး တိုက်​တွန်းနှိုး​ဆော်​လိုက်​ရပါတယ်​။


ယျာတင်​(ရိုဟင်းသား)
၂၉၊၅၊၂၀၁၆




No comments:

Post a Comment