ငိုသံလွှမ်းခြုံတဲ့ နန်းတော်
____________________
ခင်ဗျားတို့ ...
တစ်ကမ္ဘာလုံးကို တိုက်ယူချင် ယူကြပါတော့
သားတို့အတွက် နန်းတော်တစ်နေရာစာ ချန်ထားပေးပါ။
ကိုယ့်မွေးမြေကနေ အတင်းနှင်ထုတ်ခံရလည်း
ရောက်တဲ့အရပ်မှာ တဲထိုး
ညီလေးနဲ့အတူ နန်းတော်တစ်ခု တည်ဆောက်လိုက်တယ်။
ဒီနန်တော် မခမ်းနားပေမယ့် ...
ဒီနန်းတော်မှာ လူ့မိစ္ဆာတွေရဲ့ ခြိမ်းခြောက်မှုတွေ မရှိတော့ဘူး
ဒီနန်းတော်မှာ လူသတ်သမားတွေရဲ့ အန္တရာယ်မရှိတော့ဘူး
ဒီနန်းတော်မှာ အားနွှဲ့သူကို အနိုင်ချင်တဲ့ အာဏာရှင်မိစ္ဆာတွေ မရှိတော့ဘူး။
ဒါပေမယ့် ...
ညည အိပ်ပျော်တိုင်း လန့်လန့် နိုးထလာရတယ်
ဘေးဘီဝဲယာကို စမ်းကြည့်တဲ့ ဒီလက်တွေ
အိပ်မက်ထဲက အမေနဲ့အဖေကို ဘာလို့ ရှာမတွေ့တာလဲ။
အဲ့ဒီအခိုက်...
သေနတ်သံ မကြားရတော့တဲ့ ဒီနန်းတော်တစ်ဝိုက်ကို
ငိုသံတွေ လွှမ်းခြုံသွားလို့ ....။
ယျာတင် (ရိုဟင်းသား)
[ဓာတ်ပုံ - အသက်လုပြီး အမိမြေက ထွက်ပြေးလာရပြီး ဘင်္ဂလားဒေရှ့်နိုင်ငံ၌ ဒုက္ခသည်အဖြစ် ခိုလှုံနေရတဲ့ ရိုဟင်ဂျာ ကလေးငယ်နှစ်ဦး]
ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...

No comments:
Post a Comment