ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
02 October, 2017
နက်ရှိုင်းတဲ့ နှလုံးသားမှာ ကမ္ဗည်းထိုးထားခဲ့ပြီ
နက်ရှိုင်းတဲ့ နှလုံးသားမှာ ကမ္ဗည်းထိုးထားခဲ့ပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရှင်သန်ရာ တစ်ခုအတွက် လှမ်းခဲ့ကြတာ
ပေးဆပ်စရာနဲ့ပဲ သွားကြုံရှာတယ်
အပြစ်မဲ့ဆိုတာ လုံးလုံးကို အပြစ်မဲ့တာ
ဒီဖြူစင်တဲ့ "ရို"ကလေးများရဲ့အဖြစ်ဆိုး
ငါတို့ရဲ့ နက်ရှိုင်းတဲ့ နှလုံးသားတည့်တည့်မှာ
သေသေချာချာ ကမ္ဗည်းထိုးထားခဲ့ပြီ။
_
တကယ်တော့ အိမ်က ထွက်လာကတည်းက
အမေ့ရင်ခွင်ထဲ ခိုအောင်းခွင့်ရခဲ့တာ
လှေကလေး မမြုပ်ခင်အထိပေါ့
"အို" ဆိုတဲ့ အသံတစ်ခုအဆုံးမှာ
အမေနဲ့ သားကွဲ ... သားနဲ့ အမေကွဲ
နှလုံးသားလည်း တစ်စစီကွဲသွားခဲ့ပေါ့
ဒါတွေရဲ့ အဓိက တရားခံဘယ်သူလဲဆိုတာ
ငါတို့ရဲ့ နက်ရှိုင်းတဲ့ နှလုံးသားတည့်တည့်မှာ
သေသေချာချာ ကမ္ဗည်းထိုးထားခဲ့ပြီ။
_
သွားနှင့်ပါတော့ ကလေးတို့ရေ ...
အပူအပင် ကင်းကင်းနဲ့ အိပ်စက်နေပါတော့
ဘုရားသခင်နဲ့ တွေ့တဲ့အခါ
မတရားမှုတိုင်းကို တစ်ခုမကျန် တိုင်တည်ပြောပြလေ
သင်တို့တွေ ... သင်တို့ရဲ့ အဖြစ်ဆိုးကြီးတွေ ...
သင်တို့ရဲ့ အပြစ်ကင်း ဖြူစင်မှုတွေကို
ငါတို့ရဲ့ နက်ရှိုင်းတဲ့ နှလုံးသားတည့်တည့်မှာ
ထာဝရအတွက် သေသေချာချာ ကမ္ဗည်းထိုးထားခဲ့ပြီ။
#ယျာတင် (ရိုဟင်းသား)
(ဓာတ်ပုံ- လူသတ်ကွင်း အာရ်ကာန်မှ အသက်လုထွက်ပြေးရင်း နတ်မြစ်မှာ လှေမြုပ်လို့ အသက်ပေးသွားရတဲ့ ရို-ကလေးများ)
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment