27 May, 2016

ထာဝရ


ထာဝရ
=====

ကောင်းကင်မှာ "လ"
"လ" နားမှာ "ကြယ်"

မော့မော့ကြည့်တယ်
ရပ်ပြီး မြေပြင်ဝယ်။

"လ"
သာတစ်ခါ မှောင်တစ်လှည့်
ထို့အတူ ဒီရင်ခွင်ထဲ။

"ကြယ်"
ဒီရင်ခွင်ကို နှစ်သိမ့်ပေး
နည်းနည်းလင်းလည်း ထာဝရတည်း။

ယျာတင်(ရိုဟင်းသား)
23.4.2016
12:45 AM

#ပူလို့ အိမ်ဝရန်တာမှာ ထိုင်ပြီး လေပြေလေး ခံနေရင်း ကောင်းကင်ကို မော့ကြည့်တုန်း အတွေးပေါ်လာလို့ ဒီကဗျာကို ချက်ချင်း ရေးစပ်လိုက်ပါသည်။

No comments:

Post a Comment