ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
27 May, 2016
ရှက်မိတယ်
ရှက်မိတယ်
=======
ကိုယ့်နာမည်ကိုယ်တောင်
လွတ်လပ်စွာ မှည့်နိုင်ခွင့်
ပိတ်ပင်ခံနေရတဲ့ ခေတ်မှာ
ငါ--
ကဗျာတွေလည်း မရေးချင်ဘူး။
ရေးမယ့်ကဗျာရဲ့ခေါင်းစဉ်ကို
လူတွေ ဆန္ဒပြ ကန့်ကွက်မှာ စိုးတယ်။
ပြီးတော့
ပဋိပက္ခ အသွင်ဆောင်တဲ့
ကဗျာခေါင်းစဉ်ဆိုပြီး
ဒီကဗျာခေါင်းစဉ်ကို မဖတ်ပါနဲ့လို့
တားဆီးခံရမှာလည်း စိုးတယ်။
နောက်ဆုံးတော့
ကဗျာကို ခေါင်းစဉ်ပေးခွင့်
ပိတ်ပင်ခံနေရမှာလည်း စိုးလွန်းပါရဲ့။
ဒီလိုနဲ့ -
ခေါင်းစဉ်မဲ့ ကဗျာတွေ
ရေးဖို့တွေးတောခဲ့ဖူးတယ်။
ဒါပေမယ့်
ငါ -- ကဗျာချစ်တဲ့ ငါ
ကဗျာကို သစ္စာဖောက်ရမှာ
သေလောက်အောင် ရှက်မိတယ်။
ယျာတင်(ရိုဟင်းသား)
၂၃-၅-၂၀၁၆
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment