Photo from Wekipidia |
နိုးထပါ ကြယ်စင်
===========
ကြယ်စင်လေးရေ...
ဝေးကွာမှုကို တံတိုင်လုပ်လို့
သတိရမှုကို ကြာကြာအိပ်ပျော်စေပြီလား။
ခြားနေတဲ့ တံတိုင်ကို
မေတ္တာ တံတားနဲ့ ကျော်ဖြတ်
ခြေသံဖွဖွလေးနဲ့
ကြယ်စင်ရဲ့ အိပ်မက်ထဲ အရောက်လာပြီး
အိပ်ပျော်နေတဲ့ သတိရမှုကို
ငါ့ နူးညံ့စွာ နိုးပေးခွင့်ပြုပါ။
ကြယ်စင်... အိပ်မက်ကြယ်စင်....!!!
သင့်အပြုံးက အလင်းပမာ
ထိုအပြုံးရဲ့ တစ်ဖက်ကမ်းမှာ
ငါ့ကမ္ဘာကြီး မှောင်လွန်းနေပြီမို့
အမြန်ဆုံး နိုးထလာပေးပါ။
ယျာတင်-(ရိုဟင်းသား)
2.3.2015--11.42 pm
No comments:
Post a Comment