ရှုထောင်စုံက မျက်ရည်အမျိုးအစား
======================
တစ်ခါတလေ မျက်ရည်သည်
ဝမ်းနည်းနာကျင်မှု၏ အမှတ်အသား။
တစ်ခါတလေ မျက်ရည်သည်
ပျော်ရွှင်မှုကို တန်ဆာဆောင်ပေးသောအရာ။
တစ်ခါတလေ မျက်ရည်သည်
ကွဲကွာခြင်း၏ နောက်ဆုံးလက်ဆောင်။
တစ်ခါတလေ မျက်ရည်သည်
ကိုယ့်ကိုကိုယ်နှိမ့်ချခြင်း၏ သက်သေပြချက်။
တစ်ခါတလေ မျက်ရည်သည်
ကောက်ကျစ်စဉ်းလဲဖို့ အသုံးပြုစရာ။
တစ်ခါတလေ မျက်ရည်သည်
လက်လျှော့တတ်ခြင်း၏ အစ။
တစ်ခါတလေ မျက်ရည်သည်
ပြန်အားတင်ခြင်း၏ ဆုံးဖြတ်ချက်။
တစ်ခါတလေ မျက်ရည်သည်
သူတစ်ပါးရင်ကိုထိစေသော လက်နာ။
တစ်ခါတလေ မျက်ရည်သည်
ငယ်နိုင်ဖိနှိပ်ခံရမှု၏ ဖြေသိမ့်စရာ။
တစ်ခါတလေ မျက်ရည်သည်
ဆုံးရှုံးရခြင်း၏ ပန်းချီကားချပ်။
တစ်ခါတလေ မျက်ရည်သည်
သနားကြင်နာမှုရဖို့ ဆွဲငင်အား။
တစ်ခါတလေ မျက်ရည်သည်
အနုပညာသည် ဖြစ်နိုင်ဖို့အားဆေး။
Add caption |
တစ်ခါတလေ မျက်ရည်သည်
_______________။
ယျာတင်(ရိုဟင်းသား)
No comments:
Post a Comment