05 March, 2016

ကိန်း​သေ (သို့) သူ



ကိန်းသေ (သို့်) သူ
==============

ရှုပ်ရှုပ်ထွေးထွေး လင်းလက်နေတဲ့
ကောင်ကင်ပေါ်မှ ကြယ်တာရာတွေက
ငါ့ စိတ်ကူးယဉ်မှုကို ကြီးထွားစေတတ်တယ်....။

ကြယ်တွေသီးတဲ့ကောင်းကင်ကို မော့ငေး
တစ်ကိုယ်အဆွေးတွေနဲ့
တစ်ကိုယ်တည်း ထိုင်တွေးနေတဲ့ ငါ့အနားမှာ
သူ့ပုံရိပ်က အလိုက်မသိ နေရာယူလာတတ်တယ်.....။

မှတ်တမ်းတင် ခံရလောက်အောင်
ထည်ဝါမှုမရှိတဲ့ ငါ့အလွမ်းတွေထဲမှာ
ဂန္ထဝင်ပန်းချီကားလို ထည်ဝါတဲ့
သူ့ ဆံနွယ်ရဲ့အလှကလည်း ရောပါလာတတ်တယ်...။

ခမ်းနားနေဆဲ အမှတ်တရတွေ
ဦးနှောက်ထဲသို့
မတိုက်ဆိုင်ဘဲ ဝင်ဝင်လာနေတဲ့အခါ
နှလုံးသားကြီးက
အလွမ်းပင်လယ်ပေါ် ကူးခတ်နေလေတယ်​...။

ကျက်သရေပြည့်ဝတဲ့ မနက်ဖြန်များ
ထုဆစ်ပုံဖော်နိုင်ခြင်းငှာ
အာမာန်အပြည့်နဲ့ တာထွက်ဖို့ ဟန်ပြင်တိုင်း
အတွေးထဲ သူပဲ ဝင်ဝင်လာတတ်တယ်...။

တကယ်တော့....
ဘဝပုစ္ဆာတွေ ဖြေရှင်းနိုင်လွယ်ဖို့
ငါ ချမှတ်တဲ့ ပုံသေနည်းတိုင်းမှာ
သူက "ကိန်းသေ" နေရာကို
အမိအရ ပိုင်စိုးထားလေပြီးတဲ့နောက်
ငါ..................................................။

ယျာတင်​(ရိုဟင်းသား)

10.10.2015

No comments:

Post a Comment