06 March, 2016

သူရှိရာသို့



သူ့ရှိရာသို့
=======

ဝေးရတော့ လွမ်းရတာက
ချစ်ခြင်းရဲ့ နောက်ဆက်ပါလား
မောင့်ကွယ်ရာ ခင် အဆင်ပြေဖို့
တောင်းဆုတွေ အကြိမ်ကြိမ်ခြွေလည်း
ခင့်ထံက သတင်းစကား
မကြားရတာ ကြာ​ခဲ့ပြီမို့
မောင်တစ်ယောက် စိုးရိမ်လို့ကြောက်....။
ဝေးရက်တွေ များများလာတော့
မေ့ပစ်မှာ ကြောက်တွေးဝင်ပါ့
မောင့်ကွယ်ရာ ခင် ပျော်ရွှင်ဖို့
ပျော်ရွှင်မှုတွေ ထုတ်ပို့ ပေးချင်ပါလည်း
ခင် လက်ခံမခံ မရေရာတာမို့
မောင်တစ်ယောက် သောကတွေရောက်....။

တွေ့ဆုံခွင့် တစ်ခဏရခဲ့တာက
တစ်ဘဝစာ မေ့ရခက်တဲ့ပုစ္ဆာလား
ရင်ခွင်ချင်းထိပြီး ဖလှယ်တဲ့မေတ္တာကို
ထာဝရတည်တံ့မယ်လို့ မောင်ယုံထားခဲ့လည်း
ခင့်ဖက်က စိမ်းကားကာ နေတာမို့
မောင်တစ်ယောက် ယောင်ချာချာဖြစ်....။

သြော်...
အနေဝေးမှတော့ သတိရမှာပဲ
သိပ်ချစ်မိတော့ လွမ်းပိုနေမှာပဲ
ဒါ​တွေက ချစ်ခြင်းရဲ့ ဓမ္မတာပဲလေ...။
အခုတော့ ...
အထီးကျန်နေတဲ့
ဝေး​ဝေးက ​မောင်​တစ်​​ယောက်
ခင်ရှိရာသို့ ငေး​မော့နေဆဲ......။

ယျာတင်​(ရိုဟင်းသား)

2.10.2015

No comments:

Post a Comment