ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
06 March, 2016
ထို အခန်း
ထို အခန်း
=======
အဲ့ဒီအခန်းက
ကျဉ်းလွန်းတယ်လို့ထင်ရပေမယ့်
နင့်အတွက်သာမို့
လွတ်လပ်စွာ နေပါထာဝရ။
အဲ့ဒီအခန်းရဲ့ နံရံမှာ
သွေးတွေမြင်လို့ လန့်သွားသလား။
အဲ့သွေးထဲမှာ
မပြောင်းလဲမယ့် သစ္စာတရား
တကယ် ပါပြီးသားမို့
သတ္တိရှိရှိနေစမ်းပါ။
အဲ့ဒီအခန်းမှာ
ဖန်ကာမမြင်လို့ ပူမယ်မထင်ပါနဲ့
မေတ္တာလေက ထာဝရတိုက်နေမှာမို့
ပူတဲ့အခါ အေးစေရမယ်
အေးတဲ့အခါ နွေးစေရမယ်လေ။
စိတ်အပူအပင် ကင်းကင်းနဲ့
တစ်သက်တာ နေနိုင်ပါတယ်။
ဆန္ဒရှိရင် သော့ခတ်ထားပြီး
လိုသလို ပြင်ဆင်ပါ။
တန်ဖိုးမဖြတ်နိုင်တဲ့ နေရာလေးကို
ထာဝရ နင့်အတွက်သာ
ငါပေးလှူလိုက်ပါပြီဟ။
ယျာတင်(ရိုဟင်းသား)
1.9.2015
Subscribe to:
Post Comments (Atom)

No comments:
Post a Comment