ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
07 March, 2016
ညီလေးသို့ (၁)
ညီလေးသို့ (၁)
==========
ညီလေး...
သူတစ်ပါးကို အထင်သေးတဲ့
မင်းမျက်လုံးတွေရဲ့ အကြည့်က
ကမ္ဘာကြီးကို ရုပ်ဆိုးစေလိမ့်မယ်။
ညီလေး...
သူတစ်ပါးကို အဆိုးမြင်တဲ့
မင်းမျက်လုံးတွေရဲ့ အကြည့်က
ကမ္ဘာကြီးကို ရုပ်ပျက်စေလိမ့်မယ်။
ညီလေး...
မင်းအပြုံးတွေထဲမှာ
သူတစ်ပါးကိုပျက်ရယ်ပြုတဲ့ ဓာတ်က
မင်းရဲ့အဆင့်အတန်းကို ပြသနေလိမ့်မယ်။
ညီလေး...
မင်းအပြုအမူ မင်းအပြောအဆို
မင်းလှုပ်ရှားဆောင်ရွက်မှုတွေက
မင်းရဲ့စိတ်ထားအမှန်ကို လှစ်ဟပြလိမ့်မယ်။
ညီလေး...
လူနေတဲ့အရပ်မှာ
လူကိုလူလို ဆက်ဆံပြီး
လူကိုလူလို ပြုကျင့်ပြီး
အသိတရားနဲ့ နေထိုင်သွားမှသာ
မင်းကို
လူတွေက လူလိုသတ်မှတ်မှာလေ။
ဒီလိုမှ မဟုတ်ရင်တော့
မင်းလည်း
လူ့ပေါက်ပန်း စာရင်းထဲ
တည့်တည့် ဝင်သွားရုံပဲ။
သတိထား ညီလေး။
ယျာတင်(ရိုဟင်းသား)
26.7.2015
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment