08 March, 2016

ဆိုရိုးစကားထဲက ရိုဟင်ဂျာတို့ရဲ့ စိတ်ထား(၁)



ဆိုရိုးစကားထဲက ရိုဟင်ဂျာတို့ရဲ့ စိတ်ထား(၁)
============================

ရိုဟင်ဂျာလို
~~~~~~~

""ဖာခ်ျဂျာတ္တိ ဒေါန့်အိုခ်""
""ဟော့တိန့် နောတ္တီ Foa အိုခ်"

ရိုဟင်ဂျာ-ဆိုရိုးစကားတစ်ခု ဖြစ်​ပါတယ်​။

မြန်မာလို တိုက်ရိုက်ဘာသာပြန်ရင်
~~~~~~~~~~~~~~~~~~~~~

"" ရွာသားတွေမှာ ဥစ္စာဓန ပေါများပါစေ""

"" ခင်ပွန်းကို သိမ်းယူသွားတဲ့မိန်းမ (သို့မဟုတ်) လင်တူ ညီမမှာ သားသမီးရတနာ ထွန်းကားပါစေ"" (ခင်ပွန်းရဲ့ ဇနီးငယ်​အတွက်​ ဇနီးကြီးက ဆုတောင်းပေးပုံ)

ဒီ ဆိုရိုးစကားကို ကြည့်ခြင်းအားဖြင့်
ရိုဟင်ဂျာတွေရဲ့ ပင်ကိုယ် စိတ်ထားဖြူစင်မှုကို အထင်းသားမြင်​​တွေ့ရမှာ ဖြစ်​ပါတယ်​။

ပထမဆုံး မိမိရွာသား​တွေမှာ ဥစ္စာဓန ပေါများပါစေလို့ ဆု​တောင်း​ပေးပုံကို ​လေ့လာကြပါစို့။
မိမိရွာသား​တွေထဲမှာ မိမိနဲ့ မတည့်​ကြတဲ့ လူ​တွေလည်း ရှိမယ်​။ မိမိရန်​သူလည်း ရှိချင်​ရှိမယ်​။ မိမိနဲ့ ခင်​မင်​ရင်းနှီးတဲ့လူ​တွေလည်းရှိမယ်​။   ဒါ​ပေမယ့်​ ရွာသားတိုင်းမှာ ဥစ္စာဓန ​ပေါများဖို့  မခွဲမခြား ဆု​တောင်း ​ပေး​နေတတ်​တဲ့ ရိုဟင်​ဂျာ​တွေရဲ့ စိတ်​ထားက အင်​မတန်​ ​လေးစားဖွယ်​ အင်​မတန်​ မြတ်​နိုးဖွယ်​ ကောင်းပါတယ်​။

ပြီး​တော့ ​နောက်​တစ်​ခုက "ခင်ပွန်းကို သိမ်းယူသွားတဲ့မိန်းမ (သို့မဟုတ်) လင်တူ ညီမမှာ သားသမီးရတနာ ထွန်းကားပါစေ"" ဆိုပြီ ဇနီးကြီးက သူ့ ခင်​ပွန်းရဲ့ ဇနီိးငယ်​အတွက်​ ဆုတောင်းပေးပုံ ဖြစ်​ပါတယ်​။

စဉ်းစားကြည့်​ပါ။ မိမိရဲ့လင်​​ယောကျာ်း ခင်​ပွန်းက ​နောက်​အမျိုးသမီးတစ်​​ယောက်​ ယူလိုက်​တာကို ဘယ်​အမျိုးသမီးကမှ နှစ်​သက်​ကြတာမဟုတ်​ဘူး။ အဲ့လိုမျိုး မိမိခင်​ပွန်းက ​နောက်​အမျိုးသမီးတစ်​​ယောက်​ မယူရ​အောင်လည်း အမြဲပဲ ​မျှော်​လင့်​​နေတာပါ။ ယူဖို့လုပ်​​နေတဲ့အခါမှာလည်း မယူဖြစ်​ရ​အောင်​​ ဇနီးကြီးက အမျိုးမျိုး ကြိုးပမ်းတတ်​ပါတယ်​။ မတတ်​နိုင်​တဲ့အဆုံး မိမိရဲ့လင်​​ယောက်ျား ခင်​ပွန်းက ​နောက်​အမျိုးသမီးတစ်​​ယောက်​ကို ယူလိုက်​​သော်​ သူတို့ ဇနီးကြီးနဲ့ ဇနီးငယ်​​တွေကြားမှာလည်း အဆင်​​ပြေတတ်​တာ အရမ်း နည်းပါးပါတယ်​​လေ။ အဲ့လို ဇနီးနှစ်​​ယောက်​ တစ်​အိမ်​တည်း အတူတူ​နေနိုင်​တာ​လည်း​ ကျ​နော်​တို့ ပတ်​ဝန်းကျင်​မှာ ခပ်​ရှားရှားပဲ မဟုတ်​လား။ တစ်​ချို့အမျိုးသမီး​တွေက ​နောက်​အမျိုးသမီးတစ်​​ယောက်​ယူလိုက်​တဲ့ မိမိရဲ့ လင်​​ယောက်ျားကို  စွန့်​ခွာသွားတတ်​ကြတယ်​။ တစ်​ချို့ဆိုရင်​ ​အောင့်​ထားပြီး အတူ​နေဖြစ်​​ပေမယ့်​ သူတို့ ကြားမှာ အချင်းချင်း အားပြိုင်​မှု​တွေ ကဲ့ရဲ့နှိမ်​တတ်​မှု​တွေ အမြဲတမ်း ရှိ​နေတတ်​တာကလည်း ဓမ္မတာ တစ်​ခုပဲ ဖြစ်​ပါတယ်​။ အထူးသဖြင့်​ ပထမဇနီးက မိမိလင်​​ယောက်ျား ခင်​ပွန်း နောက်​ယူလိုက်​တဲ့ ဇနီးကို အမြဲတမ်း နှိမ်​တတ်​တာပါ။ ဒါ​ပေမယ့်​ အဲ့​လောက်​ထိ အဆင်​မ​ပြေကြတဲ့ ဇနီးကြီးနဲ့ ဇနီးငယ်​​တွေကြားမှာလည်း ဒီဆု​တောင်းစကားက ပုံပန်းမပျက်​ ​ရှေးရိုးမပျက်​ ရှိ​နေဆဲပါ​​။

ဒီ ဆု​တောင်းမှုပုံစံ စကားပုံ​လေးကို ​ကြည့်​ခြင်းအားဖြင့်​ ရိုဟင်​ဂျာ​တွေရဲ့ ရန်သူ့အပေါ်မှာတောင် စိတ်ကောင်းထားတတ်မှု၊ သူတစ်ပါးရဲ့ အောင်မြင်မှုများအပေါ် မုဒ္ဒိတာပွားတတ်မှု စတဲ့ ​မြတ်​နိုးလေးစားဖွယ် စိတ်​ထားကို​ အထင်းသား မြင်တွေ့နိုင်မှာ ဖြစ်​ကြောင်းပါ။

ကျ​နော်​ ယျာတင်(ရိုဟင်းသား) ဖြစ်​ပါတယ်​ခင်​​ဗျား။

မှတ်ချက်။     ။ "ဟော့တိန့်" ဆိုတဲ့ စကားလုံးအတွက် မြန်မာလို အဆင်ပြေသလို ခင်ပွန်းကို သိမ်းယူသွားတဲ့ မိန်းမ သို့မဟုတ် လင်တူညီမလို့ ဘာသာပြန်လိုက်ပါတယ်​။

7.3.2016

No comments:

Post a Comment