02 March, 2016

ကာရံ အပျက်​များ

Photo from Wekipidia 














ကာရံ အပျက်များ
===========

▶ ကာရံပျက် ပတ်ဝန်းကျင်မှာ
ကာရံပျက် လူတွေနဲ့ရောနှောနေရတော့
နေ့ရက်တွေက ကာရံပျက်လာတယ်...။

▶ ကာရံပျက် သတင်းစကားတွေ
ကာရံပျက် အချိန်မှာကြားနေရတော့
နားတွေက ကာရံပျက်လာတယ်...။

▶ ကာရံပျက် စကားတွေ ကြားများလာလို့
ကာရံပျက် အတွေးတွေဝင်လာတော့
ဦးနှောက်က ကာရံပျက်လာတယ်...။

▶ ကာရံပျက် ဦးနှောက်က
ကာရံပျက် အတွေးအခေါ်တွေ တွေးခေါ်တော့
စိတ်ဓာတ်တွေက ကာရံပျက်လာတယ်...။

▶ ကာရံပျက် စိတ်ဓာတ်တွေနဲ့
ကာရံပျက် အိပ်မက်တွေ မက်လေတော့
ခြေလှမ်းတွေက ကာရံပျက်လာတယ်...။

▶ ကာရံပျက် ခြေလှမ်းတွေနဲ့
ကာရံပျက် လမ်းကိုဖြတ်သန်းတော့
ပန်းတိုင်က ကာရံပျက်လာတယ်...။

▶ ကာရံပျက် ပန်းတိုင်သို့
ကာရံပျက် တွဲလက်တွေနဲ့ ဦးတည်တော့
ရေရာမှုကလည်း ကာရံပျက်လာတယ်....။

▶ ဒီ့အပြင်
ချစ်ရေးဆိုမှုတွေ ကာရံပျက်လာတယ်
ဆုတောင်းမှုတွေက ကာရံပျက်လာတယ်
ဆိုဆုံးမမှုတွေက ကာရံပျက်လာတယ်
ဆဲရေးတိုင်ထွာမှုတွေက ကာရံပျက်လာတယ်
တောင်းပန်မှုတွေက ကာရံပျက်လာတယ်
အမိန့်အာဏာက ကာရံပျက်လာတယ်
မေတ္တာတရားက ကာရံပျက်လာတယ်
စာနာမှုက ကာရံပျက်လာတယ်
အနိုင်ယူမှုတွေက ကာရံပျက်လာတယ်
အနိုင်ရမှုရဲ့ချိုမြမှုက ကာရံပျက်လာတယ်
ဆုံးရှုံးရမှုရဲ့ခါးသီးမှုက ကာရံပျက်လာတယ်
ယုတ်စွအဆုံး
ကာရံပျက်မှုတွေကလည်း
ပိုပိုပြီးကာရံပျက်လာတော့တယ်...။

▶ ဒီလိုနဲ့.....
ကာရံ အပျက်ပေါင်းများစွာကိုစုကာ
ကာရံပျက် နှလုံးသားနဲ့ခံစားပြီး
ကာရံပျက် အရေးအသားနဲ့ ချရေးလိုက်တော့
"ကဗျာတစ်ပုဒ်"
ကာရံပျက်စွာ ဖြစ်လာကြောင်းပါ...။


 ယျာတင် (ရိုဟင်းသား)

23.10.2015

No comments:

Post a Comment