Photo from Wekipedia |
မျှော်လင့်ချက်နဲ့ အသက်ရှင်
==================
ဖြစ်နိုင်ရင်...
ဘဝတစ်သက်
လွတ်လပ်စွာ နေချင်တာပေါ့။
ဒါပေမယ့်
ရက်ပေါင်း တစ်သောင်းကျော်
ဖိနှိပ် ချုပ်ချယ်မှုကြားမှာ
ကန့်သတ် ထိန်းချုပ်မှုကြားမှာ
ရက်စက် ညှက်းပန်းမှုကြားမှာ
မလွတ်လပ်စွာဘဲ ဖြတ်သန်းခဲ့ရလေပြီ။
ဖြစ်နိုင်ရင်...
နောက်ထပ် အသက်ရှင်သန်ခွင့်ရနေသမျှကာလပတ်လုံး
လွတ်လပ်စွာ နေချင်တာပေါ့။
အဲ့လောက်ထိ အခွင့်မသာခဲ့ရင်
အနည်းဆုံး တစ်နှစ်လောက်ပေါ့။
အဲ့လောက်ထိလည်း အခွင့်မသာခဲ့ရင်
အနည်းဆုံး တစ်လလောက်ပေါ့။
အဲ့လောက်ထိလည်း အခွင့်မသာခဲ့ရင်
အနည်းဆုံး တစ်ပတ်လောက်ပေါ့။
အဲ့လောက်ထိလည်း အခွင့်မသာခဲ့ရင်
အနည်းဆုံး တစ်ရက်လောက်ပေါ့။
အဲ့လောက်ထိလည်း အခွင့်မသာခဲ့ရင်
အနည်းဆုံး တစ်နာရီလောက်ပေါ့။
အဲ့လောက်ထိလည်း အခွင့်မသာခဲ့ရင်
အနည်းဆုံး တစ်မီနစ်လောက်ပေါ့။
အနည်းဆုံး...
နောက်ဆုံးထွက်သွားမယ့် ထွက်သက်လေး
လွတ်လပ်မှု အရသာကိုခံစားပြီးမှ ထွက်သွားခွင့်ရဖို့
တကယ်ပဲ မျှော်လင့်မိပါရဲ့။
တကယ်တော့
လူဆိုတာ
မျှော်လင့်ချက်နဲ့ အသက်ရှင်သန်နေတာပဲ မဟုတ်လား။
ယျာတင်[ရိုဟင်းသား]
29.2.2015
No comments:
Post a Comment