ချစ်နေပြီလား
=========
အရုဏ်တက်ချိန်
ငှက်တို့ရဲ့တေးဆိုသံထဲမှာ
မင်းအသံရဲ့သာယာမှုကို
ငါနားထောင်နေတတ်ပြီ။
ညနေဆည်းဆာချိန်
တဖြည်းဖြည်းတိုက်ခတ်တဲ့
လေပြည်လေညှင်းထဲမှာ
မင်းသက်ပြင်းရဲ့အေးမြမှုကို
ငါခံစားနေတတ်ပြီ။
ညည့်နက်ချိန်
ကောင်းကင်ပေါ်ဝင်းပနေတဲ့
လမင်းလေးထဲမှာ
မင်းအပြုံးရဲ့ တောက်ပမှုကို
ငါမြင်နေတတ်ပြီ။
အဲ့လောက်ဆို
ငါနင့်ကို
ချစ်မိနေပြီလား....။
ယျာတင် (ရိုဟင်းသား)
No comments:
Post a Comment