ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
23 February, 2016
ငါ့ရဲ့ ကဗျာလေး
ငါ့ရဲ့_ကဗျာလေး
~~~~~~~~~~~
နင့် အသံတိုင်းက
ငါရေးတဲ့ ကဗျာရဲ့ ကာရန် ...။
နင့် စာတိုလေးက
ငါရေးတဲ့ ကဗျာရဲ့ အားအင် ...။
နင့် ချွဲပျစ်နွဲ့တတ်မှုက
ငါရေးတဲ့ ကဗျာရဲ့ ဈာန်ပင် ...။
နင့် နဖူးက
ငါရေးတဲ့ ကဗျာရဲ့ စိတ်ကူး ...။
နင့် အနမ်းက
ငါရေးတဲ့ ကဗျာရဲ့ လေးနက်မှု ...။
နင့် အကြည့်က
ငါရေးတဲ့ ကဗျာရဲ့ ချမ်းမြေ့မှု ....။
နင့် အပြုံးက
ငါရေးတဲ့ ကဗျာရဲ့ ဝင်းပမှု ....။
နင့် ရယ်သံက
ငါရေးတဲ့ ကဗျာရဲ့ ချေငံပြေပစ်မှု ...။
နင့် ကရုဏာဒေါသက
ငါရေးတဲ့ ကဗျာရဲ့ ကျစ်လစ်မှု ...။
နင့် ဘုတောမှုက
ငါရေးတဲ့ ကဗျာရဲ့ သွက်လက်မှု ...။
နင့် ကျီစယ်မှုက
ငါရေးတဲ့ ကဗျာရဲ့ အချပ်ပိုအလှ ...။
နင့် ဆံနွယ်က
ငါရေးတဲ့ ကဗျာရဲ့ ဂန္ထဝင်အလှ...။
နင့် လှောင်ရယ်မှုက
ငါရေးတဲ့ ကဗျာရဲ့ ဓာတ်ဖြည့်ဖက် ...။
ပြီးတော့...
နင့် ချစ်ခင်မေတ္တာက
ငါရေးတဲ့ ကဗျာရဲ့ စွမ်းအားမြင့်လောင်စာ ...။
တကယ်တော့
နင်ဟာ ...........
......................
......................
ငါ့ရဲ့ကဗျာလေးတစ်ပုဒ်ပါ ...။
_______________
ယျာတင်- ရိုဟင်းသား
""""""""""""""""""""""
15.2.2016
9:58 pm
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment