ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
25 February, 2016
တစ်ခုတည်းသော နှလုံးသားနဲ့ တစ်ယောက်တည်းကို ဒီတစ်ခါပဲ ချစ်မိတာပါ....
တစ်ခုတည်းသော နှလုံးသားနဲ့
====================
တစ်ခုတည်းသော နှလုံးသားနဲ့
တစ်ယောက်တည်းကို ဒီတစ်ခါပဲ ချစ်မိတာပါ....။
သက်ဆုံးထိတိုင်ကို မျှော်လင့်ခဲ့ပေမယ့်
မျှော်လင့်သည့်အတိုင်း ဖြစ်မလာတော့တဲ့အခါ
နှလုံးသားဟာ ညှိုးနွမ်းသွားလို့.....။
click တစ်ချက်နှိပ်တိုင်း new page ဖွင့်လာသလိုမျိုး
လန်းဆန်းတဲ့ နှလုံးသားတစ်ခု
ဖန်တီးဖို့ မလွယ်မှန်း
အခုမှသိလာတော့တယ်....။
တစ်ခုတည်းသော နှလုံးသားနဲ့
တစ်ယောက်တည်းကို ဒီတစ်ခါပဲ ချစ်မိတာပါ...။
အစားထိုဖို့မလွယ်တဲ့ ချစ်ခြင်းမျိုးအတွက်
ရင်းလိုက်ရတဲ့ နှလုံးသားဟာ
ဘာသာစကားမဲ့စွာ ခြေမွခံလိုက်ရလေတော့
နယူတန်ရဲ့ ပေးဆပ်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့
သီအိုရီကလည်း ယုတ္တိကို မဲ့ရှာနေလို့....။
ချစ်ကြောင်း လွမ်းကြောင်း သတိရကြောင်း
စတဲ့ နှလုံးသားရေးရာကို ချရေးခဲ့တဲ့ ဒီလက်ကလေးကလည်း
အခုတော့လဲ
လေကိုပဲ ဆုပ်ကိုင်မိတယ်...။
တစ်ခုတည်းသော နှလုံးသားနဲ့
တစ်ယောက်တည်းကို ဒီတစ်ခါပဲ ချစ်မိတာပါ...။
ပင်လယ်ရေခမ်းသွားလည်း
ချစ်ခြင်းတရားတွေ တည်ဆဲနေမှာပဲလို့ တွေးမိခဲ့တာ
ပိုလွန်းခဲ့တယ်ဆိုင်ရင်လည်း
မိုးကောင်းကင်လောက် ချစ်မိတာတော့
ငြင်းမရတဲ့ အမှန်တရားပါ...။
သီချင်းထဲကလို
အချစ်အတွက် တစ်ဖန်မွေးဖွားဖို့
ထင်သလောက် မလွယ်တော့တဲ့အခါ
ဒီဘ၀ ဒီမျှနဲ့ ပြီးဆုံးပါစေတော့....။
ငါလေ
တစ်ခုတည်းသော နှလုံးသားနဲ့
တစ်ယောက်တည်းကို ဒီတစ်ခါပဲ ချစ်မိတာပါ...။
ယျာတင်(ရိုဟင်းသား )
#အမှန်မှာ_သီချင်းတစ်ပုဒ်လောက်_ရေးဖို့လုပ်နေတာ_ကဗျာလိုလို_ဘာလိုလို_ဖြစ်သွားတယ်။
၁၈၊၁၁၊၂၀၁
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
Md RaShad
ReplyDeleteKMT
ReplyDelete