မေ- သို့
~~~~~~
တမင်မေ့ကာ
ဝေးကရှောင်လည်း
ဗွေမယူဘူး မေ....။
စိမ်းကားစကား
ပြောပါများလည်း
စိတ်မနာဘူး မေ....။
အပြစ်ရှာပြီး
ရန်တွေ့တော့လည်း
တန်မပြန်ဘူး မေ....။
စိတ်ကောက်ပြပြီး
အနိုင်ကျင့်လည်း
ဒေါမပွဘူး မေ....။
ဟုတ်ကမဟုတ်က
ငေါက်ကာနေလည်း
စိတ်မဆိုးဘူး မေ....။
မလိုတဲ့ချိန်
ပစ်ထားတော့လည်း
အပြစ်မမြင်ဘူး မေ....။
လိုတဲ့အခါ
လိုက်ရှာနေက
အသင့်ရှိနေမယ် မေ....။
သမိုင်းမထွင်လည်း
ဖြူစင်လှတဲ့ မောင့်အချစ်ကို
အသိအမှတ်တော့ ပြုပေးပါနော် မေ.....။
================
ယျာတင် -ရိုဟင်းသား
================
No comments:
Post a Comment