25 February, 2016

ဖြစ်​နိုင်​ရင်




ဖြစ်နိုင်ရင်
=======

ဖြစ်နိုင်ရင်-
"ဝေးရမယ်" ဆိုတဲ့ စကားလုံးရဲ့အဓိပ္ပါယ်ကို
လုံးဝဥဿုံ နားမလည်ချင်ဘူး....။

နားမလည်တဲ့အခါ လှန်ကြည့်မယ့်
ငါ့ အဘိဓာန်မှာလည်း
မရှိစေချင်ဘူး.....။
ဖြစ်နိုင်ရင်-
"ကံကြမ္မာ" ဆိုတဲ့ စကားသံလေးကို
နားနဲ့ မိတ်ဆက် မပေးချင်ဘူး....။

မမိတ်ဆက်ဘဲ နားထဲဝင်လာလည်း
နှလုံးသားထိ ဆင်းသွားနိုင်ဖို့
လမ်းဖယ် မပေးချင်ဘူး.....။

ဖြစ်နိုင်ရင်-
"ဆင်ခြေပေးစကားတွေ" ကို
နားလည်ရခက်တဲ့ ဘာသာစကားအဖြစ်
ကြားချင်ပါတယ်...။

ဖြစ်နိုင်ရင်လေ-
"မင်းကိုပျော်ရွှင်စေမယ့်" စွန့်လွှတ်မှုမျိုးကို
ရယူခြင်း ကင်းကင်းနဲ့ ပေးဆပ်ချင်ပါတယ်....။

ဖြစ်နိုင်ရင်လေ-
"စွန့်ပစ်ခံပစ္စည်း" ဖြစ်ရမယ့်နေ့မှာ
မင်းကို ကျေနပ်စေမယ့် အပြုံးမျိုး
မင်းရှေ့မှောက် ပြုံးပြနိုင်ဖို့
ငါ့အားအင်တွေကို 
လက်ကျန်အဖြစ် ချန်ထားချင်ပါတယ်....။

==============
ယျာတင်-ရိုဟင်းသား
==============

No comments:

Post a Comment