28 February, 2016

မိတ်​​ဆွေ​ကောင်း




မိတ်​​ဆွေကောင်း
~~~~~~~~~~~~

မိတ်​​ဆွေဟောင်း
မိတ်​ဆွေကောင်း
မိတ်​​ဆွေစစ် တွေနဲ့
ရှားရှားပါးပါး တွေ့ဆုံခွင့်ရနေခိုက်
ရှေးဟောင်းနှောင်းဖြစ်တွေ ဖလှယ်ရင်း
ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့ ဒီညလေးက
ညတကာတွေထက်
တိုတောင်းနေသလိုပါပဲ .....။

တက်ဖြစ်ခဲ့တာ ကြာလှပြီဖြစ်တဲ့
တက္ကသိုလ် ဘဝကို
သတိတရ ပြန်ပြောင်း ပြောကြရင်း...
မိမိ personal လျှို့ဝှက်ချက်တွေ
ယုံကြည်စွာနဲ့ ပွင့်လင့်စွာ ဖလှယ်ရင်း...
တစ်ခြား မိတ်​​ဆွေ သူငယ်ချင်းများအကြောင်းပါမကျန်
ထည့်သွင်း ပြောဖြစ်ရင်း...
နှလုံးသားအခန်းတွေ
အိပ်မက်အခန်းတွေကို
အပြန်အလှန် စာစီကုံးပြောဖြစ်ရင်း...
တကူးတကား စီမထားတဲ့​ခေါင်းစဉ်​​အောက်
မှတ်​မှတ်​ရရ​တွေ ပြန်​​ပြောင်း ​ပြောဖြစ်​ရင်း...
ပြီး​တော့
ဖြူစင်စွာနဲ့ လွတ်လပ်စွာ ရယ်မောရင်းနဲ့​ပေါ့ .....။

တကယ်တော့
"မိတ်​​ဆွေကောင်းတစ်ဦးဆိုတာ
ကမ္ဘာကြီးတစ်ခုလုံးထက်
အဓိပ္ပါယ် ကျယ်လှပြီး
ပင်လယ်သမုဒ္ဒရာရဲ့အနက်ထက်
အဓိပ္ပါယ် နက်နဲ လွန်းတာပါ" ....။
ဒီ့အပြင်
"ကျောက်မြ ရတနာထက်လည်း
ပိုပြီး တန်ဖိုးရှိလှပါတယ်လေ" ....။

ဒါကြောင့်ပေါ့ဟ
"ဘဝမှာ
မိတ်​​ဆွေကောင်းတွေ ရှိဖို့ကလည်း
လွန်စွာမှ အရေးကြီးတာပါ " .....။

______________
ယျာတင်​- ရိုဟင်းသား
---------------

19.2.2016
2:35 AM


No comments:

Post a Comment