13 October, 2017

ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးရယ်

ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးရယ်
~~~~~~~~~~~~~~~~~~~

ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးကို ​လက်​နဲ့​ထောက်ပြီးရယ်
ဟိုအ​ဝေးကြီးကို ကြည့်​​နေတဲ့ စူးရှတဲ့အကြည့်​​တွေ
အပြစ်​ကင်းစင်​မှုကို သူတို့မျက်​လုံး​တွေက သက်​​သေပြ​နေ။

မျှော်​လင့်​ချက်​​တွေဟာလည်း
အ​ကြောက်​တရား​တွေ​အောက်​ ရုန်းထရခက်​​အောင်​ ပိတ်မိနေ

လက်​နက်​နဲ့ ယူနီ​ဖောင်းသမား​တွေ လူပီသတဲ့အချိန်​အခါကို
သူတို့မီလိုက်​ဖို့ ငါ ဆု​တောင်းပါတယ်​။

လူ့ပြည်​မှာ​မွေး​ပေမယ့်​လည်း
လူသား​တွေအဖြစ်​ ​နေခွင့်​မသာရှာတဲ့ အမျိုး​တွေ
သူတို့အနာဂတ်​​တွေဟာ
ဟို​ဝေး​ဝေး မျက်​စိတစ်​ဆုံးမှာ​တောင်​ လှပရှာ​မ​နေပေ။

အားနွှဲ့​တာကို အခွင့်​​ကောင်းယူပြီးကာရယ်
လူ့အသက်​​တွေ ခဏခဏ​ နုတ်​ပစ်​​နေသူ​လေး​တွေ
လူ့ဘဝ​တွေ ခဏခဏ ဖျက်​ဆီး​နေတဲ့ ယူနီ​ဖောင်းသမား​တွေ
ကိုယ်​ချင်းစာနာမှုဆိုတာ နဲနဲ​လောက်​​​​တောင်​ ​မွေးခဲ့ပါ​လေ။

"သူတို့​နေရာမှာ ငါ့သားသမီး​တွေ ဖြစ်​ခဲ့ရင်​​ကော"
အဲ့လို အ​တွေး​လေးတစ်​စက်​ရယ်
ခင်​​ဗျားတို့အ​တွေးထဲမှာ၊ ခင်​​ဗျားတို့ နှလုံးသားထဲမှာ
တ​စ်​​အောင့်​​လောက်​ဖြစ်​ဖြစ်​ ​​နေရာယူဖို့ခက်​​နေသလားကွယ်​။

ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးကို ​လက်​နဲ့​ထောက်ပြီးရယ်
ဟိုအ​ဝေးကြီးကို ကြည့်​​နေတဲ့ စူးရှတဲ့အကြည့်​​တွေ
တရားမျှတမှုတစ်​ခုကို အမြန်​ဆုံး မြင်​​တွေ့ခွင့်​ရသပါ​စေ။

ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးရယ်
အမြင်​မ​တော်​ရင်​ ဘယ်​လက်​က လက်​ညှိုးကို လှုပ်​ဖို့အ​ရေး
အသင့်​ပြင်​ထားတဲ့ ယူနီ​ဖောင်းသမားရယ်
မတရားမှုစက်​ကွင်းထဲပိတ်​မိ​နေရှာတဲ့ က​လေးငယ်​​တွေရယ်​။
...
...
...
ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးရယ်
ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးရယ်
အို ... ခပ်​​ဆွေး​ဆွေး ခြံစည်းရိုးရယ်​။

ယျာတင်​ (ရိုဟင်းသား)

Photo credit-- သတင်း​ထောက်​ ကို Thiha Thwe
(ရ​သေ့​တောင်​မြို့၊ ပိတ်​မိ​နေတဲ့ အ​နောက်​ပြင်​ရွာမှ ရိုဟင်​ဂျာများ)


No comments:

Post a Comment