``ငြိမ်ပါစေ သူတို့ ဒုက္ခ´´
ခမ်းနားတဲ့အိမ်တော်တွေကို နောက်မှာချန်ထားခဲ့ရ
အသက်တစ်ချောင်းကို လုဖို့အရေးမှာ
သူတို့တတွေ ဘာကိုမှ မနှမြောအားဘဲ ပြေးထွက်လာခဲ့ရ
မရဏခရီးကို ရက်အတော်ကြာဖြတ်သန်းခဲ့ရတဲ့ ဒုက္ခ
သူတို့ဒုက္ခ သူတို့လောက် ဘယ်သူသိခဲ့နိုင်ပ
ဪ ... ဒုက္ခ။
အနောက်ရပ်ဝန်းသို့ နေမင်းတိမ်မြုပ်သွားတဲ့အခါ
ရောက်တဲ့အရပ်မှာ ဖြစ်သလို တဲတိုးနေခဲ့ရ
သယ်လာတဲ့ရိက္ခာနဲနဲကို သိက္ခာနဲ့ ရောချက်လို့
နာကျင်နေတဲ့ ဝမ်းကလေးကို ခေတ္တခဏ နှစ်သိမ့်ပေးခဲ့ရ
ဒီလိုယာယီတဲတိုးပြီးနေခဲ့ရတာ လတစ်ဝက်တိတိပါ့
ဪ ... ဒုက္ခ။
ကလေးသူငယ်တွေ အထီးကျန်မှုကိုအဖော်ပြုရ
ဘယ်မှာလဲမသိရှာ သူတို့ဆွေမျိုး မိဘများ
ဒီလောကကို အပြီးအပိုင်း နှုတ်ဆက်သွားခဲ့ရလေသလား
သူတို့ဆီ ဘယ်တော့မှ ပြန်မလာဘူးလား
တွေးရင်းနဲ့ ဝမ်းနည်းမှုတွေ ရင်ထဲ လှိုင်လှိုင်ထ
ဪ ... ဒုက္ခ။
ခပ်နွမ်းနွမ်း ရိုကလေးမ မျက်နှာ
အားကိုးစရာ မဲ့ရှာနေမှုကို ပိုင်ပိုင်ပြသ
အမှောင်ရင့်လာတဲ့ ဒီလိုညဆိုးမျိုးမှာ
ရိုမလေးမျက်နှာ
ထင်းမီးလောင်တဲ့ အလင်းရောင်အောက်မှာ
တစ်ခဏတော့ လင်းဝင်းပါစေသား
သူတို့ဒုက္ခ ငြိမ်သွားပါစေသား။
ယျာတင် (ရိုဟင်းသား)
13-10-17
Photo credit - Original uploader
ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...

No comments:
Post a Comment