29 July, 2016

ဆု​တောင်းမှု

Bankokpost

               
   " ဆုတောင်းမှု "

- အဖော်မဲ့ အားငယ်
  ကိုးရာမဲ့ သိမ်ငယ်
  ပြုသမျှခံ ရိုဟင်ဂျာမှန်
  နောင်ရေးကိုတွေး
  ရတက်မအေး
  စိတ်အမြဲလေး ... ။

- အိမ်တွေ မီးရှိုးခံ
  ဇီဝိန်​များ အသတ်ခံ
  ဥစ္စဓနတွေ အသိမ်းခံ
  ကိုးကွယ်မှုက အပိတ်ခံ
  အသွားအလာ ထိန်းချုပ်ခံ
  ပညာသင်ယူခွင့် ကန့်သတ်ခံ
  ခံ ... ခံ ... ခံ ...
  ခံ​ပေါင်း များစွာနဲ့
  ရိုဟင်ဂျာ့ လောကဓံ ...။

- ဖြစ်တာ ​အိမ်ရှင်မှန်
  အ​​ခေါ်​ခံတာ ဧည့်သည်
  ဖြစ်နေရတာ ဒုက္ခသည်
  တကယ်တော့
  ဒီဒေသမှာ

  ငါ
  ငါ့ဘိုးဘွားတွေ နေနေလာတာ
  နှစ်ထောင်ပေါင်းများစွာ ကတည်းက ... ။

- ထွက်ပေါက်မဲ့ ရိုဟင်ဂျာ
  ကမ်းမဲ့ပင်လယ်က ဖြေသိမ့်စရာ
  ရာဇာဝင်ရိုင်းတဲ့ လှိုင်းတွေကြား
  အပြစ်မဲ့ အသက်ပေါင်းများစွာ
  အတင်း​တွန်းပို့ခံရင်း မျိုသိပ်ခံရ ... ။

- အို အသျှင်မြတ် ...
  ကိုးရာမဲ့ တစ်ဖက်သတ်ခံ
  ကိုယ့် အသက်​ရှင်​ခွင့်​​လေး
  ကိုယ်ရှာဖွေလိုက်လံ
  ဒီတစ်ခါ ရိုဟင်ဂျာ့ကံ
  ကောင်းပါစေကြောင်း
  ကျွန်တော်မျိုး၏ ဆုတောင်းမှု
  ပြည့်ဝပါစေသား ... ။

#ယျာတင်​_ရိုဟင်းသား#

မှတ်​ချက်​။  ။ ၂၀၁၃ ခုနှစ်​က ​ရေးဖွဲ့ခဲ့သည့်​ကဗျာ​လေးကို နဲနဲ ပြင်​​ရေးခြင်းဖြစ်​ပါသည်​။

No comments:

Post a Comment