30 March, 2016

အထက်​အမိန့်​ (သို့) တ​စ္ဆေ စကားလုံး

အထက်​အမိန့်​ (သို့) တ​စ္ဆေ စကားလုံး
======================

ဥပ​ဒေနဲ့ မညီလည်း​ မမူခဲ့တာ...(အထက်​အမိန့်​)။

ပြည်​သူ​တွေ ဒုက္ခ​ရောက်​လည်း မပူခဲ့တာ...(အထက်​အမိန့်​)။

လက်​ပံတန်း​တောင်​ ရပ်​တန့်​ဖို့ ဆန္ဒပြတဲ့
သံဃာ​​တော်​တွေ ..ပြည်​သူ​တွေကို
အကြမ်းဖက်​ဖြိုခဲ့တာ...(အထက်​အမိန့်​)။

ပညာ​ရေးစနစ်​ ​ပြောင်းလဲဖို့ ​တောင်းဆိုတဲ့ ​ကျောင်းသား​တွေကို
ရက်​ရက်​စက်​စက်​ ဖြိုခွင်းပြီး
အကျဉ်း​ထောင်​ထဲ ပို့သခဲ့တာ...(အထက်​အမိန့်​)။

မိတ္တိလာ မွတ်​စ်​လိင်​မ်​​တွေ
လူမဆန်​​အောင်​ အကြမ်းဖက်​ အသတ်​ခံနေရတာကို
ရဲသားများ လက်​ပိုက်​ကြည့်​​နေခဲ့တာ ...(အထက်​အမိန့်​)။

အရွယ်​တစ်​ဝက်​ထိ ကြိုးစားပမ်းစား သင်​ယူခဲ့တဲ့
ပညာတစ်​ခုအတွက်​ အသိအမှတ်​ပြုလက်​မှတ်
နိုင်​ငံသားကဒ်​မရှိလို့ ထုတ်​မ​ပေးနိုင်​ဘူး​ပြောတတ်​တာ ...(အထက်​အမိန့်​)။

စတဲ့ ... မတရားမှု​ပေါင်းများစွာ
"အထက်​အမိန့်​" ဆိုတဲ့
ခပ်​ပြတ်​ပြတ်​ စကား တစ်​ခွန်းရဲ့​အောက်​မှာ
တကယ်​ ဖြစ်​ပျက်​ခဲ့တာပါ။

အဲ့ဒီ "အထက်​အမိန့်​"ဆိုတဲ့ဟာက
ပြည်​သူ​တွေနားထဲမှာ
တ​စ္ဆေ စကား တစ်​လုံးထက်​ ပိုပြီး ခါးခဲ့
နှလုံးသားတည့်​တည့်​ထိ စူးနစ်​ပြီး နာကျင်​​စေခဲ့တာပါ။

ဒါ​ကြောင့်​မို့​...
ပြည်​သူ​က ​ရွေးချယ်​တင်​​မြှောက်​တဲ့ ပြည်​သူ့အစိုးရ
ဒီအစိုးရ လက်​ထက်​မှာ
အဲ့ဒီ တ​စ္ဆေ စကားလုံးကို
ပြည်​သူ​တွေ ထပ်​မကြားရဖို့
အထူး​မျှော်​လင့်​​​နေ​​ကြောင်းပါ။

အရာရာ မျှတတဲ့ ဥပ​ဒေအတိုင်း
ဖြစ်​ပါ​စေသား။

_____________
ယျာတင်​(ရိုဟင်းသား)
--------------
31.3.2016



No comments:

Post a Comment