Image from DVB |
ဖူးပွင့်စပြုနေတဲ့ ဒီမိုကရေစီပန်းမွေးလေး မညှာမတာ နင်းချေခြေမွခံရမှာ စိုးတယ်
==================================================
နှစ်ပေါင်းများစွာ စစ်အာဏာရှင်လက်အောက် နေခဲ့ရပြီးမှ ပထမဆုံးအကြိမ် အရပ်ဖက် အစိုးရ ဖွဲ့စည်းနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက သတ္တိဝိရိယစိုက်ပြီး နေ့မအား ညမနား သတိရှိရှိ အားထုတ်ကြိုးစားနေတာကို လုံးဝလုံးဝ မနာလိုဖြစ်နေတဲ့ ဒေါက်တာအေးမောင် ဦးဆောင်တဲ့ ANP(ရခိုင်အမျိုးသား ပါတီ)ရဲ့ လုပ်ရပ်ဆိုးတွေထဲက တစ်ခုကို မြန်မာပြည်သူများ စတင် ပေါ်ပေါ်တင်တင် မြင်ရတော့မှာပါ။
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ANP ပါတီမှ မရွေးချယ်လို့ NLD ပါတီကို လာမယ့် ၂၃ ရက်နေ့မှာ စစ်တွေက ရခိုင်ပြည်သူများ (နောက်ကွယ်က ANP ရှိသည်) ဆန္ဒပြမယ့်အကြောင်း စစ်တွေမှာ လက်ကမ်းစာစောင်တွေ ဖြန့်ဝေနေပါပြီ။
စစ်တွေတွင် ဆန္ဒပြရန် ဖြန့်ဝေသည့် လက်ကမ်းစာ |
မြန်မာနိုင်ငံရဲ့ ဒုတိယအဆင်းရဲဆုံး ပြည်နယ်ဖြစ်နေတဲ့ ရခိုင်ပြည်ကြီး တိုးတက်လာဖို့ အားထုတ်ရမယ့်အစား မိမိရခိုင်ပြည်သူများ ဆင်းရဲတွင်းက လွှတ်မြောက်လာဖို့ မိမိတတ်နိုင်တဲ့ဖက်က ကြိုးစားရမယ့်အစား ရခိုင်ပြည်သူတွေကို ဆန္ဒပြဖို့ပဲ တစ်ချိန်လုံး စည်းရုံးလုံ့ဆော် နေတာလို့တောင် မေးခွန်းထုတ်လိုက်ချင်တယ်။ ရခိုင်ပြည်သူတွေကို လမ်းပေါ်ထွက် ဆန္ဒပြခိုင်း ဟိုဟာအော်ခိုင်း ဒီဟာတောင်းဆိုခိုင်းနဲ့ အေးအေးချမ်းချမ်းကို နေခွင့်မပေးသာပေဘူး။ ဒီလို ခေါင်းဆောင်မျိုးရဲ့ ဦးဆောင်မှုအောက်က ရခိုင်ပြည်ကြီးရဲ့ အနာဂတ်က တကယ်ကို ရင်လေးစရာပါပဲ။ ရခိုင်ပြည်သူတွေကို အမှောင်ထဲ တွန်းချနေတဲ့ ပုဂ္ဂိုလ်တွေက ဒေါက်တာအေးမောင်လို အနောက်သား ရခိုင်တစ်ချို့တွေသာပါပဲလို့ပြောရင် ကျနော်များ လွန်နေပါ့မလား။
ရခိုင်ပြည်ရဲ့ ဌာနေရခိုင်တွေကတော့ အေးချမ်းတည်ငြိမ်မှုကို နှစ်သက်ခုံမင်ကြပြီး လူမျိုးပေါင်းစုံနဲ့ အေးအတူပူအမျှ နေချင်ကြတဲ့အပြင် မိမိပြည်နယ်ကိုလည်း တိုးတက်စေချင်ကြတာပါ။
ဒါပေမယ့် ဘင်္ဂလီနွယ်ဖွား ဒေါက်တာအေးမောင်လို ပုဂ္ဂိုလ်တွေ ရခိုင်ခေါင်းဆောင် လာလုပ်နေမှပဲ ရခိုင်ပြည်ကြီးလည်း အဖက်ဖက်က ရစရာမရှိအောင် ကျဆုံးသထက် ကျဆုံးနေလေပြီ။
ရခိုင်ပြည်ရဲ့ ဌာနေလူမျိုးတစ်မျိုး ဖြစ်တဲ့ ရိုဟင်ဂျာတွေကိုတောင် မနေ့တစ်နေ့က ခိုးဝင်လာတဲ့ လူတွေလိုလို ဘင်္ဂလီပြောလိုက်၊ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် နိုင်လိုက်တဲ့ NLD ပါတီကို ဝေဖန်လိုက်နဲ့ နပမ်းလုံးနေတဲ့ ဘင်္ဂလီနွယ်ဖွား ဒေါက်တာအေးမောင်ကို ရခိုင်ပြည်သူ အများစုက သဘောကျ နှစ်သက်ကြတာမဟုတ်မှန်း လွန်ခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါက်တာအေးမောင် အနိုင်မရခဲ့တာကို ကြည့်ရင် သိသာပါတယ်။
အခုတော့ ---
ရွေးကောက်ပွဲမှာ ပြိုင်ဖက် NLD ကို အရှုံးကြီးရှုံးနိမ့်ပြီး ကျသွားတဲ့ သိက္ခာကို ပြန်ဆယ်ဖို့လား၊ ရခိုင်အမျိုးသားပါတီဥက္ကဌ ဖြစ်ရဲ့သားနဲ့ NLD ပါတီက သူ့ကိုကျော်ပြီး ဦးအေးသာအောင်ကို အမျိုးသားလွှတ်တော် ဒု-ဥက္ကဌ နေရာ ပေးလိုက်လို့လား၊ ဒါမှမဟုတ် ၂၀၁၂ အရေးအခင်းကို ဖန်တီးခဲ့တဲ့ အဓိက ဇတ်ကောင် တရားခံဖြစ်နေတာကို ဖုန်းနိုင် ကာနိုင်ဖို့ အာဏာရမှဖြစ်မယ်ဆိုပြီး ကြံစည်းနေတာလား ဒါမှမဟုတ် မူးယစ်ဆေးပြားတွေ လွယ်ကူကူရောင်းပြီး ရခိုင့်တပ်မတော် AAကို ထောက်ပံ့နိုင်ဖို့လားတော့ မသိချေ။
ကန္တရအလယ် ရေငတ်နေသူတစ်ယောက်လို တကယ်ကို ရူးရူးသွပ်သွပ်ဖြစ်နေတဲ့ ဘင်္ဂလီနွယ်ဖွား ဒေါက်တာအေးမောင်ကပဲ ဖူးပွင့်စပြုနေတဲ့ ဒီမိုကရေစီပန်းမွှေးလေးကို မညှာမတာ နင်းချေ ခြေမွလိုက်လေမလားလို့ အစိုးရိမ်ကြီး စိုးရိမ်နေကြောင်းပါ။
NLD ကရွေးချယ်တင်မြှောက်သည့် သမ္မတနှစ်ဦးကို ဝေဖန်ပုံ |
No comments:
Post a Comment