ညီကြပါ
======
မတူအတွေး ညှိကာဖြေရှင်း
စိတ်ဝမ်းမကွဲ အားလုံးစုပေါင်း
စိတ်ဝမ်းကွဲလျှင် အောင်မြင်မည့်မထင်...။
စိတ်ဝမ်းမကွဲ အားလုံးစုပေါင်း
စိတ်ဝမ်းကွဲလျှင် အောင်မြင်မည့်မထင်...။
ဖိနှိပ်ခံဆုံး စာရင်းထဲဝင်
ထိုသူတို့မှာ တို့ရိုဟင်ဂျာပင်
အဲ့ဒါအမြဲ စိတ်ထဲမှာသွင်း...။
ထိုသူတို့မှာ တို့ရိုဟင်ဂျာပင်
အဲ့ဒါအမြဲ စိတ်ထဲမှာသွင်း...။
အလင်းပျောက်သော ဘဝပိုင်ရှင်
အမှောင်ထဲနေ စိတ်ဝမ်းခွဲလျှင်
အလင်းဘယ်ခါမှ ရမည်မထင်...။
အလင်းဘယ်ခါမှ ရမည်မထင်...။
ရိုဟင်ဂျာသည် အာရ်ခါန်ပိုင်ရှင်
ဖြစ်လင့်ကစား စွန့်ခွါဖို့တောင်း
ဒီအချိန်မှာ မညီနိုင်လျှင်
နိုင်ငံမဲ့ဘဝ ရောက်ရမည်ပင်....။
ဖြစ်လင့်ကစား စွန့်ခွါဖို့တောင်း
ဒီအချိန်မှာ မညီနိုင်လျှင်
နိုင်ငံမဲ့ဘဝ ရောက်ရမည်ပင်....။
နေသင့်တာက ခင်ခင်မင်မင်
အဃာတအမုန်း ထားရှိပါလျှင်
အောင်မြင်မှုနှင့် ဝေးဦးမှာပင်....။
အဃာတအမုန်း ထားရှိပါလျှင်
အောင်မြင်မှုနှင့် ဝေးဦးမှာပင်....။
မတူအတွေး ညှိကာဖြေရှင်း
လက်တွဲခိုင်ခိုင် အားလုံးစုပေါင်း
ရှေ့ဆက်သွားပြီး အရယူရအောင်
တို့တစ်တွေရဲ့ မူလ Freedom....။
လက်တွဲခိုင်ခိုင် အားလုံးစုပေါင်း
ရှေ့ဆက်သွားပြီး အရယူရအောင်
တို့တစ်တွေရဲ့ မူလ Freedom....။
ယျာတင်(ရိုဟင်းသား)
No comments:
Post a Comment