20 February, 2018

ဒုက္ခသည်​ရိုဟင်​ဂျာက​လေး​တွေနဲ့ သီချင်းအတူတူဆိုခဲ့တဲ့ MIYAVI အ​ကြောင်း

ဒုက္ခသည်​ရိုဟင်​ဂျာက​လေး​တွေနဲ့ သီချင်းအတူတူဆိုခဲ့တဲ့ MIYAVI အ​ကြောင်း
ဒုက္ခသည်​များ အ​ခြေချရာ​​ ကမ္ဘာ့​အကြီးမားဆုံး နေရာမှာ ကမ္ဘာကျော်​ အဆို​တော်​က ဂီတာတီး​ပေး၊ ကမ္ဘာ့အဖိနှိပ်​ခံဆုံးဝင်​ ရိုဟင်​ဂျာက​လေး​တွေက သီချင်း လိုက်​ဆိုခဲ့တဲ့ အခိုက်​အတန့်​တစ်​ခု။

ရိုဟင်​ဂျာက​လေး​တွေ သီချင်းဆိုရာမှာ ဂီတာလိုက်​တီး​ပေးခဲ့တဲ့ အဲ့ဒီ ကမ္ဘာ​ကျော်​ အဆို​​တော်​ဟာ ဘယ်​သူလဲ။

"MIYAVI"





"Miyavi"...။ ဒီနာမည်​ဟာ သူ့ရဲ့နာမည်​အရင်း​တော့ မဟုတ်​ဘူး။ တစ်​ကမ္ဘာလုံးက ချစ်​စနိုးနဲ့ ခေါ်တတ်​တဲ့ "နာမ်​စား-နာမ်​" တစ်​ခု။ သူဟာ ဂျပန်​နိုင်​ငံရဲ့ နာမည်​​ကျော်​ ​တေး​ရေး၊ ​တေးဆို၊ ​တေးသွင်းထုတ်​လုပ်​သူတစ်​ဦးဖြစ်​တဲ့အပြင်​ မင်းသားတစ်​ဦးလည်း ဖြစ်​ပါတယ်​။ သူဟာ Finger-Slapping ​လို့​ခေါ်တဲ့ လက်​​ချောင်းက​လေး​​နဲ့ ဂီတာပွတ်​တီးတာမှာ အင်​မတန်​ကျွမ်းကျင်​သူအဖြစ်​ နာမည်​ကြီးသူပါ။ (သူ့စွမ်းရည်​ကို ဒီမှာ ဝင်​ကြည့်​လို့ရပါတယ်​ _ https://youtu.be/euMsVezFLwc)။

သူဟာ Hip-hop, Rock, Pop စတဲ့ ​တေးသီချင်းမျိုးစုံကို ပိုင်​ပိုင်​နိုင်​နိုင်​ ဆိုတတ်​သူတစ်​ဦးလည်း ဖြစ်​ပါတယ်​။

အသက်​ ၃၇ နှစ်​ရှိတဲ့ Miyavi ရဲ့နာမည်​အရင်းဟာ Takamasa Ishihar ဖြစ်​ပြီး ငယ်​ငယ်​က ​ဘောလုံးသမားတစ်​ဦးဖြစ်​ဖို့ ရည်​ရွယ်​ခဲ့သူပါ။ သူဟာ ဂျပန်​နိုင်​ငံရဲ့ အဆင့်​မြင့်​တန်း J-League ပြိုင်​ပွဲဝင်​ Cerezo Osaka အသင်းရဲ့ လူငယ်​အသင်းမှာ ​ရွေးချယ်​ခံရဖူးပါတယ်​။ ဒါ​ပေမယ့်​ ဒဏ်​ရာတစ်​ခု​ကြောင့်​ သူ့ရဲ့​ဘောလုံးသမား အိပ်​မက်​ကို အဆုံး​သတ်​​စေခဲ့ရသူပါ။

အသက်​ ၁၅ အရွယ်​မှာ​တော့ ဂီတာတစ်​လက်​ဝယ်လိုက်​တယ်​။ ဂီတာပညာကို သူကိုယ်​တိုင်​ ​လေ့လာမှုပြုတယ်​။ ​နောက်​ဆုံးမှာ ဂျပန်​နိုင်​ငံရဲ့ အသည်း​ကျော်​၊ ကမ္ဘာ့နာမည်​​ကျော်​တစ်​ဦး ဖြစ်​လာခဲ့ပါပြီ။ သူဟာ MTV Europe Music Award , MTV Video Music Awards အပါအဝင်​ ဆုတံဆိပ်​များစွာ ချီးမြင့်​ခံခဲ့ရပါတယ်​။

၁၉၉၉ ခုနှစ်​မှာ ဂီတာတီးသူအဖြစ်​ အနုပညာ​လောကကို ဝင်​​ရောက်​လာခဲ့ပြီး ၂၀၀၂ မှ ၂၀၀၇ ခုနှစ်​အထိ တစ်​ကိုယ်​​တော်​ အဆို​တော်​အဖြစ်​ ကျင်​လည်​ခဲ့ပါတယ်​။ ၂၀၀၇ ခုနှစ်​မှာ​တော့ S.K.I.N လို့ ​ခေါ်တဲ့ ဂျပန်​-အ​မေရိကန်​ ​Rock သီချင်းအဖွဲ့ကို တစ်​ခြား ဂျပန်​အဆို​ကျော်​ သုံးဦးနဲ့အတူ တည်​​ထောင်​ခဲ့ပြီး အဲ့ဒီအဖွဲ့ရဲ့  ၂၀၀၇ ခု၊ ဇွန်​လ ၂၉ ရက်​​နေ့၊, California ပြည်​နယ်​ Long Beach မှာ ကျင်းပပြုလုပ်​ခဲ့တဲ့ ​တေးဂီတာ​ဖြေ​ဖျော်​ပွဲဟာ ဂျပန်​နိုင်​ငံရဲ့ ရာစုနှစ်​အတွင်း အ​ကောင်းဆုံး ​ဖြေ​ဖျော်​မှု တစ်​ခုအဖြစ်​ မှတ်​တမ်းဝင်​ခဲ့ပါတယ်​။

၂၀၀၉ ခုနှစ်​မှာ J-Glam နာမည်​နဲ့ ကိုယ်​ပိုင်​ ကုမ္ပဏီတစ်​ခုတည်​​ထောင်​ခဲ့ပါတယ်​။ J-Glam ရဲ့ ဝန်​​ဆောင်​မှုမျိုးမှာ_
1. Artist Management Services
2. Artist Development
3. Global Tour Production
4. Product Development
5. Sponsorships/Endorsements
6. Digital Media Management
7. Music Publishing
8. Public Relations .... တို့ပါပဲ။

သူဟာ ၂၀၁၅ ခုနှစ်​အထိ နိုင်​ငံ​ပေါင်​ ၃၀ ကိုလှည့်​လှည်​ခဲ့ပြီး Show ​ပေါင်း ၂၅၀ ​ကျော်​ ပြုလုပ်​ခဲ့ပါတယ်​။ Album ​ပေါင်းများစွာကိုလည်း ထုတ်​ခဲ့ပြီး အဲ့ဒီထဲမှာ The Others နာမည်​နဲ့ Album လည်း အပါအဝင်​ဖြစ်​ပါတယ်​။ The Others အဲလ်​ဘာမ်​ရဲ့ title song ဖြစ်​တဲ့ The Others ကို ​နောက်​ပိုင်းမှာ သူ့ရဲ့ UNHCR သံအမတ်​အဖြစ်​ လှုပ်​ရှားခဲ့မှုအ​ပေါ် အ​ခြေခံပြီး version ​ပြောင်းပြီး ပြန်​ဆိုခဲ့ပါတယ်​။ အဲ့ဒီသီချင်းဟာ တကယ်​ကို နာမည်​ကြီးခဲ့ပါတယ်​။ UNHCR #WithRefugees ရံပုံ​ငွေ ကမ်​ပိန်းအတွက် အဲ့ဒီ သီချင်းကို အသုံးပြုတတ်​ပါတယ်​။

"Instead of rifles
We play guitar
Sing for survival
That's just who we are

Take off your disguise
You can spread your wings and fly!"

[The Others" သီချင်းကို ဒီမှာ နား​ထောင်​နိုင်​ပါတယ်​ _https://youtu.be/2Yy-bOf1zUQ].

----

၂၀၁၄ ခုနှစ်​မှာ Hollywood ရဲ့ နာမည်​​ကျော်​မင်းသမီး Angelina Jolie က ဒါရိုက်​တာ​ရော ထုတ်​လုပ်​သူအဖြစ်​ ​ပူးတွဲဆောင်​ရွက်​ခဲ့တဲ့ Unbroken ဇတ်​ကားမှာ Miyavi ဟာ မင်းသားအဖြစ်​ ပါဝင်​သရုပ်​​ဆောင်​ခဲ့ပါတယ်​။ ဒုတိယကမ္ဘာစစ်​နဲ့ပတ်​သက်​ပြီး ရိုက်​ကူးခဲ့တဲ့ အဲ့ဒီဇတ်​ကားကို အ​မေရိကန်​​ဒေါ်လာ ၆၅ သန်းအကုန်​အကျခံပြီး ရိုက်​ကူးခဲ့ကာ စုစု​ပေါင်း အ​မေရိကန်​​ဒေါ်လာ ၁၆၃ သန်းအထိ ဝင်​​ငွေရရှိခဲ့ပါတယ်​။ ​သူဟာ နောက်​လည်း ဂျပန်​ ဇတ်​ကား​ပေါင်းများစွာမှာ ပါဝင်​ သရုပ်​​ဆောင်​ခဲ့ပါတယ်​။

သူဟာ ၂၀၁၃ ခုနှစ်​ကစပြီး UNHCR ရဲ့ ​စေတနာ့လုပ်​ငန်း​တွေမှာ လုပ်​အား​ပေးအဖြစ်​ ကမ္ဘာအနှံ့ ဒုက္ခသည်းစခန်း​တွေကို သွား​ရောက်​လည်​ပတ်​ခဲ့ပါတယ်​။ ၂၀၁၇ ခုနှစ်​မှာ​တော့ UNHCR ရဲ့ တရားဝင်​ ချစ်​ကြည်​​ရေး သံအမတ်​အဖြစ်​ ခန့်​အပ်​ခြင်းခံရပါတယ်​။

၂၀၀၉ ခုနှစ်​ မတ်​လ ၁၄ ရက်​​နေ့မှာ အ​မေရိကန်​ဖွား ဂျပန်​ အဆို​တော်​ Melody Miyuki Ishikawa နဲ့ အိမ်​​ထောင်​ကျခဲ့ပြီး အခုအချိန်​အထိ သမီးနှစ်​ဦး ထွန်းကားခဲ့ပါတယ်​။ ၂၀၁၄ ခုနှစ်​၊ Unbroken ဇတ်​ကား ရိုက်​ကူးခဲ့ပြီး​နောက်​ပိုင်းမှာ သူတို့မိသားစုဟာ အ​မေရိကန်​ပြည်​​ထောင်​စု Los Angeles နဲ့  California တို့မှာ အ​ခြေချ ​နေထိုင်​​နေလျက်​ရှိပါတယ်​။

သူ့ရဲ့ နာမည်​​ကျော်​ သီချင်းများထဲက တစ်​ချို့ကို ​ဖော်​ပြရရင်​ "Let Go" ဆိုပြီး ဆိုတဲ့ သီချင်းဟာ မိမိကိုယ်​ကိုယ်​ အား​ပေးတဲ့ သီချင်း​ကောင်းတစ်​ပုဒ်​ဖြစ်​ပါတယ်​။

"LET GO"

The quest, the stress
The pressure for success
Obsessed I guess
Emptiness is all that's left

One voice inside
Tells me that I can fly
One on the other side
Tells me run and hide

Shouting to my soul...
Let go
Let go
Let go

This mess I'm in
I'll either sink or swim
My hope is growing dim
Wonder could this be the end?

The more I think
The deeper down I sink
The fear I'm trying to drink
Comes back up again

Shouting to my soul,
Let go
Let go
Let go

Shouting to my soul
What I already know
Time to lose control
Let go
Let go
Let go

(ဒီမှာ နား​ထောင်​နိုင်​ပါတယ်​__ https://youtu.be/CWFUwdaT8kM)

အချစ်​နဲ့ ပတ်​သက်​ရာ သီချင်း​ကောင်းတစ်​ပုဒ်​​ပြောရရင်​ Selfish Love ဆိုတဲ့ သီချင်းပါပဲ။
(ဒီမှာ နား​ထောင်​နိုင်​ပါတယ်​_https://youtu.be/eQwpdY3Fz9c)

အေး​အေး​လေးနဲ့ နား​ထောင်​လို့ သိပ်​​ကောင်းတဲ့ သီချင်းက  Guard You ဆိုတဲ့ သီချင်းပါပဲ။
(ဒီမှာ နား​ထောင်​နိုင်​ပါတယ်​_ https://youtu.be/6WgKmK5DupM)

ပရိသတ်​​ပေါင်း ၃၇ သိန်း​ကျော်​က ဝင်​ကြည့်​ရှုခဲ့တဲ့  Real ဆိုတဲ့ သီချင်းကို_
(ဒီမှာ နား​ထောင်​ပါ_ https://youtu.be/t8nbgm-bPIU)

UNHCR #WithRefugees ရံပုံ​ငွေ ကမ်​ပိန်းအတွက် ဆိုတဲ့ နာမည်​ကြီး သီချင်းက The Others ပါပဲ။
က​ဗျာဆန်​ပြီး နား​ထောင်​ရတာလည်း သိပ်​​ကောင်းပါတယ်​။ စစ်​ပွဲရဲ့ဆိုးကျိုးအ​ကြောင်းနဲ့ ​မေတ္တာတရားအ​ကြောင်းတို့ကို ထင်​ဟပ်​ပြီး ဖွဲ့ဆိုထားပါတယ်​။ ​အောက်​မှာ က​ဗျာဆန်​ဆန်​ ဖတ်​ကြည့်​၊ နား​ထောင်​ကြည့်​ပါ။

"The Others"

Boy, keep on digging
Into the dirt
Dont let no love in
Too afraid to hurt

Fragmented memories
The dye is cast
After the frenzy
Time to face the past

In the air I'm free
That's where I'm
Born to be

We are the others
The dreamers and the lovers
We are every color
We are the others

Who named the countries?
Who built the walls?
We fight for money
While they print it all

Instead of rifles
We play guitar
Sing for survival
That's just who we are

Take off your disguise
You can spread your wings and fly!

We are the others
The dreamers and the lovers
We are every color

We are the others

We are the others
The dreamers and the lovers
We are every color

We are the others.
(the others)

(ဒီမှာ နား​ထောင်​ကြည့်​ပါ_ https://youtu.be/2Yy-bOf1zUQ)
____

Miyavi က​တော့ ဒီဒုက္ခသည်​စခန်းမှာ ရိုဟင်​ဂျာက​လေး​တွေနဲ့ ဖြတ်​သန်းခဲ့တဲ့ အချိန်​​ကိုရော ရိုဟင်​ဂျာက​လေးငယ်​​တွေ ဆိုပြတဲ့ သီချင်းကို​ရော သူ့အ​နေနဲ့ ဘယ်​​တော့မှ မ​မေ့ပါဘူးလို့ ငို​တော့မဲ့မျက်​နှာဟန်​ပန်​နဲ့ ​ပြောသွားခဲ့ပါတယ်​။

ကျ​နော်​ _ ယျာတင်​ (ရိုဟင်းသား) ပါ။

No comments:

Post a Comment