#ညီမလေးသို့_၃#
ညီမလေး...
နေရခဏ ဒီလူ့ဘောင်မှာ
တွေ့ဆုံမှုနဲ့ ကွဲကွာမှုက
တို့ရင်ဆိုင်ရ ဓမ္မတာတစ်ခု။
ညီမလေး...
တွေ့ဆုံမှုဟာ လှပသလောက်
ကွဲကွာမှုဟာ ရုပ်ဆိုးတယ်လို့
ညီမလေးသာ အတွန့်တက်ခဲ့ရင်
ဟောဒီစကား မြဲမြဲမှတ်ထား
"အဆုံးသတ်မှုတွေလည်း လှပတတ်တာ
နေဝင်ဆည်းဆာက သက်သေပဲလေ"။
ငါ့ညီမလေး စိတ်ဓာတ်မာကျောတဲ့အကြောင်း
ရင်ကော့စွာ ဝင့်ကြွားနိုင်ဖို့
ဒီကဗျာလေးဖတ်ပြီးနောက်
လွတ်လပ်စွာ တစ်ချက်ပြုံးလိုက်ပါလေ။
ဒါမှပေါ့ ...
ငါ့ညီမ ပီသဘိခြင်း။
#ယျာတင်_ရိုဟင်းသား#
ယျာတင်၏ ရင်တွင်းဖြစ် ကဗျာများ၊ ဆောင်းပါးများ၊ ဝတ္တုတိုများ
20 April, 2017
Subscribe to:
Post Comments (Atom)
-
သူငယ်ချင်းထံ ပေးစာ(၁) =============== သို့/- အဝေးက သူငယ်ချင်း သူငယ်ချင်း ... ကျန်းမာချမ်းသာ ရှိနေတယ်လို့ မျှော်လင့်ပါတယ်။ မတီး...
-
ဘောလုံးကန် ဖိနပ်မရှိလို့ ငိုဖူးတဲ့ ဘဝမှ ဘောလုံးလောကရဲ့ ဘုရင်တစ်ပါး ဖြစ်လာသူ ===============================================...
-
လျှာနှစ်ခွနှင့်လူ ========== ပြောတော့ သမိုင်းပညာရှင်။ အမှန်အမှားရွေးရေး ထိပ်တိုက်တွေ့ဖို့ စိန်ခေါ်တော့ ဝေ့လည်ကြော...
No comments:
Post a Comment